10x(Zawgyi&Unicode)

Start from the beginning
                                    

.... "အဟွတ် အဟွတ်"

သစ်မျက်လုံးတွေ ဖွင့်လိုက်တဲ့အချိန်မှာ
ကုတင်ပေါ်ရောက်နေပြီး သတိုးက သစ်ဘေးနားမှာရှိနေလေသည်

ထိတ်လန့်ဖွယ်ရာ အိပ်မက်ကြောင့် နှလုံးခုန်နှုန်းတွေမြန်နေကာ .. ချွေးတွေနစ်နေတော့သည်

အိပ်ယာဘေးက ရေဘူးကို လှမ်းယူပေမယ့် တုန်ရီနေတဲ့လက်ကြောင့် ဖန်ခွက်ကိုပါ တိုက်မိသလိုဖြစ်ပြီး ကျကွဲသွားတော့သည်

ဆူညံသံတွေကြောင့် သတိုးလည်း နိုးလာကာ

ထိတ်လန့်နေတဲ့ သစ်ကို ကြည့်ပြီး

"အိပ်မက်ဆိုးတွေ မက်နေတာလား သစ်
မကြောက်နဲ့နော် ကိုယ်ရှိတယ် .. ရေသောက်မလား ကိုယ်သွားယူပေးမယ်"

သတိုးက အတော်ကြီးပင် ကောင်းနေပြီမို့
ထသွားထလာလုပ်နေနိုင်ချေပြီ

မနက်ဖြန်ဆို ရိပ်လည်း ပြန်ရောက်ပေတော့မည်

မမက်တာကြာပြီဖြစ်တဲ့ အိပ်မက်က သစ်ကို ကြောက်လန့်စေလေသည်

၁၆နှစ်သားထဲက ယခုချိန်ထိ ၂နှစ်ကျော်တိတိမက်ခဲ့တဲ့ အိပ်မက်

၃လလောက်မမက်တော့ သစ်စိတ်ထဲမှာ မေ့မေ့ပျောက်ပျောက်ပဲနေနေမိတာ

အခုလို ဗြုန်းစားကြီး ပြန်မက်တော့
သစ် မှာ .. ခံနိုင်ရည် မရှိပါ

ဘာမှန်းမသိ ညာမှန်းမသိ မက်နေရတာ ..

အိပ်မက်ထဲက လူတွေကိုလည်း သစ်မသိ

ကားပေါ်ကမိန်းမကိုလည်း သစ်မသိ

သစ် ငယ်ငယ်က အကြောင်းတွေကိုလည်း သစ်မမှတ်မိ

သေချာတာတော့ သစ် ငယ်ငယ်တုန်းက ဒီလို ကိစ္စမျိုးမဖြစ်ခဲ့ပါ ..

ဘာအတွက် ဒါတွေကို မက်နေရမှန်းမသိ

"သစ် ဒါလေးသောက်လိုက်"

သတိုး လှမ်းပေးတဲ့ ရေခွက်ကို ယူရင်း မျက်လုံးက အခန်းထောင့်ကို ဖြတ်ခနဲကြည့်လိုက်မိတော့
အရိပ်လို ၀ိုးတိုးဝါးတားတွေ

တဖြည်းဖြည်းနဲ့ နီးကပ်လာသလို ခံစားရကာ

သစ်စိုက်ကြည့်နေတုန်း မျက်စိရှေ့တွေ..

Oh !Where stories live. Discover now