ကိုယ့်အပိုင်

Start from the beginning
                                    

"Bae ကိုယ်ပြောစရာရှိတယ်"
ကြက်ကြော်၁ကောင်ကို တစ်ယောက်ထဲထိုင်ဖြိုနေတဲ့ Jonginnie
ပေပွနေတဲ့ ပါးစပ်လေးကို သုတ်ပေးတော့လဲငြိမ်ခံနေတယ်
"ကိုယ် bae ကို ချစ်တယ် bae က ကိုယ့်အပိုင်ပဲ "
တပေါက်ပေါက်နဲ့ ကျလာတဲ့ မျက်ရည်တွေ ကြောင့် Sehun အလန့်တကြား

"ဟင့် ဟင့် ခင်ဗျားကြီး စားပြီးနားမလည် လုပ်တာလား အဲ မဟုတ်ပါဖူး ခင်ဗျားကြီးက ဟင့် ခင်ဗျားကြီးက ကျွန်တော်ကို ကြက်ကြော်နဲ့မျှားပြီး ရည်းစားစကားပြောတာ ဟင့် 😢 ခင်ဗျားကလူဆိုးကြီးပဲ NiNi က ခင်ဗျားကြီးအပိုင်မဟုတ်ရဖူး NiNi က Niက လူကြီးအပိုင်ဟုတ်ဖူး 😢အူးဝါး 😭"
ကြက်ပေါင်ကိုလက်ကကိုင်ကာ မျက်ရည်တွေကျလာရင်းငိုချလိုက်တဲ့ ကလေးငယ်လေး
ကို Sehun ချစ်မဝပါ "ဆိုးလိုက်တာကွာ အသည်းလေးရာ"
တော်သေးတာက ဆိုင်က သူနဲ့အမြဲလာစားနေကြ သူ့အတွက် ကိုယ့် ရဲ့ပိုင်ဆိုင်မှု့တွေထဲက တခုမို့ သူပိုင်တဲ့ ရုံးခန်းထဲရောက်နေတာကြောင့်မို့သာပါ
နို့မို့ဆိုဒီကလေးနဲ့တော့မလွယ်
မျက်ရည်တွေနဲ့ အာပေတူး ဝက်ဝံလေးကိုသူငေးငေးလေးကြည့်ကာ

"Bae ရယ် မငိုပါနဲ့ တိတ်တော့နော် NiNi သဘောပါ နော် ကိုယ်ကဒီနှစ်ကုန်ရင် Paris က Appa Wine လုပ်တဲ့စက်ရုံမှာ သွားနေရတော့မှာ အစကတော့ bae ကို လက်ထပ်ပြီး တခါထဲခေါ်သွားမလို့ကို အခုတော့ bae ကလက်မထပ်ချင်တော့လဲ ရပါတယ် တမျိုးပြောင်းကြတာပေါ့ "
"ဟင် "ငြိမ်ကျသွားတဲ့ကလေးဆိုးလေး
Sehun စိတ်ထဲကပြုံးလိုက်တယ် လက်ထပ်ဖို့ပြောတိုင်း အချိန်ဆွဲကာ ခင်ဗျားကြီးကလူဆိုးကြီးပဲလို့ပြောကာ သူ မျက်ရည်တွေကို မမြင်ရက်တဲ့ Sehun ကို အမြဲချုပ်တတ်တဲ့ မျက်ရည်တွေနဲ့သနားစရာမျက်ဝန်းလေး

"Sorryပါ bae လေး ကိုယ်ကို ခုထိငြင်းဆန်နေတဲ့မင်းလေးကို အဲဒီနည်းလမ်းပဲသုံးရတော့မှာ" Sehun  စိတ်ထဲမှာသာတီးတိုးရေရွတ် လိုက်တော့တယ်

Jongin လဲငိုင်ကျသွားရတော့တယ် သူက အဝေးကြီးကိုသွားရတော့မှာလား ဟင့် 😢
ဘာကြောင့်မှန်းမသိစွာ သူကိုမသွားစေချင် သူသွားရင် ကိုယ်လွတ်လပ်ပြီမှန်းသိနေပေမယ့် "မသွားလို့မရဖူးလား" ထွက်လာတဲ့အသံလေး ဂျစ်တိုက်ချင်နေဟန်လေး Sehun ပြုံးလိုက်တယ်
"ကလေး "
မော့ကြည့်လိုက်ချိန် သူကိုငေးကြည့်နေတဲ့ လူကြီး ရဲ့မျက်ဝန်းတွေကတောက်ပလို့

SeKai KaiHun  🐻🧡🐣 one shotWhere stories live. Discover now