Part - 6

6.7K 646 7
                                    

အခန်း (၆)

'' ဘာဖြစ်နေတာလဲ။ ပိုက်ဆံ တစ်ထောင်တန်ကို မမြင်ဖူးလို့ သေချာ လေ့လာနေတာလား ''

ခုံပေါ်တင်ထားသည့် ပိုက်ဆံကို ကြည့်နေမိရာမှ ကိုယ့်အတွေးနဲ့ကိုယ် လည်နေ၍ ကြာသွားသဖြင့် နေသော့်ဆီမှ အသံထွက်လာတော့၏။

'' ဘာမှ မဖြစ်ဘူး  ''

'' မဖြစ်ရင်လည်း ထား။ မင်းပဲ ငါ့ကုို ပြောစရာ ရှိတယ်ဆို။ အခု ဘာမှ မပြောဘဲ ပြန်တော့မှာလား ''

လက်ထဲက ပိုက်ဆံထောင့်ငါးရာကို ကြည့်ရင်း ပြောလာသော နေသော့် စကားကြောင့် လိုရင်းကိစ္စ ပြန်ဦးတည်မိသည်။

'' ဟုတ်သား။ မေ့သွားတာ။ ငါ ပြောထားတဲ့ အချိန်ပိုင်း အလုပ်လေ ''

'' အင်း ''

'' ညက ရှာထားတဲ့ အလုပ်တစ်ခုတော့ ရှိတယ်။ Page chat box မှာ မေးထားတာ အချိန်လည်း အဆင်ပြေတယ်။ သူတို့ကလည်း လူလိုနေတာ။ အဲဒါ မင်းရော လျှောက်ဦးမလားလို့။ မင်း စိတ်ဝင်စားရင် အတူ လုပ်ကြရအောင် ''

'' ဘာလုပ်ရမှာလဲ ''

'' Online shopping တစ်ခုပဲ။ ငါ့အထင်တော့ Order စာရင်းတွေ ကောက်ပြီး Delivery ပို့ပေးရမယ် ထင်တယ်။ Cross X လေ ''

'' Cross X လား !  ''

'' အေး။ သိလို့လား  ''

'' မင်းကို မွေးနေ့လက်ဆောင် ပေးတဲ့ တီရှပ်က Cross X က မှာတာလေ။ မင်းတောင် ကြိုက်လို့ ဟောင်းသွားမှာစိုးပြီး ခဏခဏ မဝတ်ဘူးမလား ''

'' အဲဒါ Cross X ကလား ! ''

'' အေး။ အလုပ်ခေါ်နေတာ သေချာရင်တော့ လျှောက်ကြည့်ရအောင်။ ငါက Cross X Fanကွ! စိတ်ဝင်စားတယ်။ လုပ်လည်း လုပ်ချင်တယ်။ သူတို့ဆီက ထွက်တဲ့ ပစ္စည်းတွေက Design ရော Quality ပိုင်းရော လုံးဝ မိုက်တယ်  ''

'' မင်း အတည်ပြောနေတာတော့ သေချာတယ်မလား ''

'' သေချာတယ်။ ငါတကယ် လုပ်ကြည့်ချင်တာ။ ကံကောင်းလို့ အလုပ်ရရင် ငါတို့ ဒီဇိုင်းဘက်တောင် လေ့လာခွင့်ရမှာ။ ဒါနဲ့ မင်းကရော .. ခုအလုပ်က အဆင်မပြေဘူးလား။ နောက်တစ်ခု ထပ်ရှာတယ်ဆိုတော့ ..''

'' အလုပ်က အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီအလုပ် တစ်ခုတည်းရဲ့ ဝင်ငွေနဲ့ ရပ်တည်လို့
မရဘူးလေ။ ကျောင်းပြန်ဖွင့်ရင် စရိတ်စကတွေက လာဦးမှာ ''

My X Where stories live. Discover now