Part - 4

7.8K 769 38
                                    

အခန်း (၄)

'' ငါ ဒီမှာ ဇိုင်  ''

ကားပေါ်က ဆင်းပြီး အသံပေးကာ လက်ထောင်ပြရင်း အချက်ပြလိုက်၏။

' ရပ်ကွက်ထဲ ကားမယူလာနဲ့ ' ဆိုသည့် စကားကိုလည်း လိုက်နာဖြစ်သည်။ ကားကို လမ်းထိပ်မှာပဲ ရပ်ကာ Xylem ကို စောင့်နေခြင်းပင်။

ဖုန်းခေါ်လျှင် မကိုင်တာ များသည့် အကျင့်ကို သိထားနှင့်၍ တော်တန်ရုံကိစ္စများဆို ဖုန်းဆက် မပြောတတ်။

[ ငါ ရောက်နေပြီ ဇိုင် ] ဟုသာ စာတစ်စောင် ရိုက်ပို့ ဖြစ်ခဲ့၏။

'' ရွှေဂုံတိုင်က တိုက်ခန်းကို မောင်း "

အနားရောက်လာသော Xylem။ လူကို တစ်ချက်လေးတောင် ကြည့်မလာ။ ကားတံခါးကို ဆွဲဖွင့်ကာ တက်သွားသည်။ ငယ်ပေါင်းတွေပီပီ အကြောင်း သိနေသူမို့ သဒ္ဒါကလည်း မကျေမနပ် ဖြစ်မနေ။ ကားပေါ် ရောက်တော့လည်း Xylem သည် Xylem သာ ဖြစ်ပေတော့၏။

ဖြူဖွေးသွယ်လျသော လက်ချောင်းတို့က သဒ္ဒါ ယူလာသည့် Laptop ပေါ်ရှိ ခလုတ်များထက် ပြေးလွှားနေသည်။ ဖွေးနုသည့် ခြေအစုံက အညိုရောင် ကတ္တီပါ တစ်ရံနှင့် တင့်တယ်လျက်။ ဟန်လည်း မရှိ။ မာန်လည်း မရှိ။ သူ့အလှ၊ သူ့သဘာဝလေးနှင့် အေးမြသော ထည်ဝါမှုဖြင့် ကြည်လင်လှ၏။

'' ငါ ပြောထားတဲ့ကိစ္စ အဆင်ပြေလား ''

သဒ္ဒါက ကားကိုသာ အာရုံစိုက်မောင်းနေသလို ဇိုင်ကလည်း laptop ကနေ အကြည့် မခွာဘဲ မေးလာသည်။

'' အေး။ ပြေတယ် ဇိုင်။ ငါ နေရာ ကြည့်ပြီးပြီ။ ဈေးလည်း ပြောပြီးပြီ။ နင် သဘောကျရင် စာချုပ်ချုပ်ရုံပဲ  ''

'' တိုက်ခန်း အနေအထားရော ဘယ်လိုလဲ။ ဓါတ်ပုံ ရိုက်ခဲ့လား ''

'' ရိုက်လာတယ်။ ညကျရင် ပို့လိုက်မယ်။ နင့်ဘက်က အဆင်ပြေရင် စလို့ ရပြီ။ ဒါနဲ့ ကိုလင်းကရော .. ဘာပြောလဲ ''

'' ငါနဲ့ စကား ပြောပြီးပြီ။ သူကလည်း လုပ်ချင်တာနဲ့ အတော်ပဲ ဖြစ်သွားတယ်။ ဆိုင်မှာတော့ ငါ အချိန်ပြည့် ရှိနိုင်မှာ မဟုတ်ဘူး။ နင်နဲ့ ကိုလင်းပဲ အထိုင်နေရမယ် ထင်တယ် ''

My X Where stories live. Discover now