Part 54(Unicode/Zawgyi)

11.5K 602 5
                                    

[Unicode]ချစ်ရသူလေးရဲ့အိမ်ကို စိတ်ပြေလက်ပျောက်သွားခါမှ အိမ်တံခါးကဖွင့်လျှက်နှင့် လူမရှိဟုထင်ရလောက်အောင် တိတ်ဆိတ်နေခဲ့သည်။

ဒါနဲ့ ဘုန်းမြတ်လည်း ဟိုဟိုသည်သည်လှည့်ရှာမိ၏။

*ဒင်းလေးက ဘယ်ရောက်သွား. . . . *

အသံကိုမပေးပဲ လိုက်လို့ရှာရင်း သူ့ရဲ့အခန်းထဲမှာ မူပိုင်ကိုတွေ့လိုက်ရပါသည်။

ကြည့်ရတာရေချိုးထားသည်ထင့်။ သူ့ရဲ့ဖွေးစင်နေသောကျောပြင်လေးမှာ ရေစက်လေးတွေတွဲလွဲခိုနေတာ။

''ကိုယ်လာတယ်''လို့ပင် အသိမပေးနိုင်ပဲ တံခါးဝကနေ သူခိုးတစ်ယောက်လိုခိုးကြည့်နေမိခဲ့သူ ဘုန်းမြတ်။

ထိုကောင်လေးကတော့ မသိရှာပဲ ခေါင်းကိုရေပြောင်အောင်သုတ်ရင်း တဘက်ကို ကိုယ်ပေါ်ကနေ ခွါချလိုက်၏။

''အဟွတ်. . . . . .''

ဘုန်းမြတ်ခိုးကြည့်နေရင်း အဝတ်ကင်းစင်သောမူပိုင်ကိုယ်လေးကိုမြင်သွားရကာ အချစ်စိတ်တက်သွားပြီး တံတွေးသီးသွားလေသည်။

ယောကျာ်းတစ်ယောက်အသံကြားတော့ မူပိုင်လည်းလန့်ပြီး တံခါးဝဘက်ကိုလှည့်ကြည့်လိုက်သည်။

''ဟာ. . . . . ခင်ဗျား. . . . . . ''

သူ့ခမျာလည်း လန့်သွားပြီး တဘက်ကိုမြန်မြန်လှမ်းယူကာ သူ့ကိုယ်ကိုကာလိုက်လေသည်။ ရှက်လည်းရှက်သွားသည်ထင့်။ မျက်နှာက ပြာယာခတ်နေသည့်ပုံပေါ်သွားရှာသည်။ နဂိုကရေချိုးထားသောအအေးဓါတ်များပင် ကြက်ပျောက်ငှက်ပျောက်။

''ခင်ဗျား ဘယ် . . ဘယ်လိုဝင်လာတာလဲ. . . ဖုန်းလည်းမဆက်ပဲ. . . . သွား. . . အပြင်ကို. . . ''

''အင်း အင်းပါ. . . ကိုယ်အပြင်ကစောင့်နေမယ်. . ''

အိနြေ္ဒသိက္ခာရှင်ကြီးဖြစ်ရှာသော မူပိုင်ရဲ့အသံက အာဏာပြင်းထန်လှ၍ ဘုန်းမြတ်တစ်ယောက် တံခါးဝကနေ ဧည့်ခန်းဘက်သို့ထွက်ခွါခဲ့ရသည်။

*ဘယ်လိုလူဆိုးကြီးလဲဗျာ. . . ရောက်ရင်လည်းအသိမပေးပဲ. . သူခိုးကျင့်သူခိုးကြံနဲ့. . . ငါတံခါးပိတ်ဖို့မေ့ခဲ့ပြန်တာထင်တယ်*

Fake Love🔞 (Complete )Where stories live. Discover now