Part 53(Unicode/Zawgyi)

Start from the beginning
                                    

''လိုချင်တဲ့ဟာကို မူပိုင်မကောင်းဘူးကွာ. . . ''

''ကျွန်တော်မကောင်းတာအခုမှသိတာလား ''

ပြောစရာတောင်မရှိလှတော့ မျှော်လင့်ချက်မဲ့သွားရကာ ခေါင်းငေါက်စိုက်ချရင်း ဘုန်းမြတ်စိတ်လေတော့သည်။

*လက်ထပ်ခွင့်တောင်းတဲ့နေ့တောင် ချစ်သူဆီကချစ်တယ်အဖြေလည်းမရ အနမ်းလည်းမရ ငါကပဲညံ့နေလို့လားကွာ. . .dramaကားတွေကပဲ မဖြစ်နိုင်တာတွေ roပြထားကြတာလားလေ  *

ထိုအချိန်မှ သူ့ရဲ့ပါးတစ်ဖက်သို့ကျရောက်လာသော အိစက်စက်နှုတ်ခမ်းလေးတစ်စုံ။
မကြာပါဘူး။ ခဏလေးပါ။ သူ့ခမျာနမ်းတယ်လို့တောင်မသိလိုက်ရ။

''ဟာ. . . မူပိုင်. . . . ''

''အနမ်းပေးပြီးပြီနော် ပြန်တော့. . . ''

''ခုနကပြောတော့မနမ်းဘူးဆို. . . ''

''အခုနမ်းချင်စိတ်ပေါက်လာလို့. . . နမ်းလိုက်တာ. . . ''

''ကြိုပြောလေကွာ. . . ''

''surpriseလုပ်ချင်လို့မပြောတာလေ ''

''ဘာမှမခံစားလိုက်ရဘူး ပြန်နမ်းပေး. . . ''

''ဟာ တော်ပါနော် တစ်ခါပဲ . . . သွားပြီ. . . . ''

အချေတော်လေးက နောက်တီးနောက်တောက်စသွားပြီး အိမ်ထဲကိုတန်းနေအောင်ပြေးသွားလေသည်။

*ကလေးစုတ်လေး အသည်းယားအောင်နှောင့်သွားတယ်. . . ရင်တောင်ဘယ်နားကခုန်ထွက်သွားလဲမသိ. . . *

ဒါပေမယ့်လည်း နမ်းသွားတယ်ဆိုတဲ့အသိကြောင့် သူ့ပါးသူပြန်ကိုင်ကာကျေနပ်နေရင်း ပြန်သွားရသည်။

🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽🍽

''ဟေ့ကောင် အစုတ်ပလုတ် မင်းကမာနအကြီးသားနော်. . . ငါ့ကိုမနေ့ကအဖက်တောင်မလုပ်ဘူး. . . ''

တစ်နေ့ အလုပ်မှာပြန်တွေ့ကြတော့ ထိုwaiterကသူ့ကိုမကျေနပ်စွာပြောလာပါတော့သည်။

''မဟုတ်ပါဘူး မင်းနိုင်ရာ ဒီတိုင်းပါပဲ အဲ့ဒီနေ့ကငါ့ဧည့်သည်နဲ့မို့ပါ''

''အေးပါကွာ ''

မင်းနိုင်ဆိုတဲ့အရပ်ရှည်ရှည် အသားညိုညို ကောင်လေးတစ်ယောက်နဲ့ မူပိုင် စကားဆိုနေရင်း မှာသူတွေများလာတာကြောင့် စကားလက်စကိုဖြတ်ပြီး မင်းနိုင်ထွက်သွားလေသည်။
မူပိုင်ကတော့ ပန်းကန်တွေဆေးနေရင်း ကျန်ရစ်နေခဲ့လေသည်။

Fake Love🔞 (Complete )Where stories live. Discover now