Castle ; Ep {1}

522 26 6
                                    

"Bin....လိုက်လာပါ...Bin...လိုက်လာ....
လာလို့ပြောနေတယ်လေ...လာပါ.....လာ....."

"ငါမလိုက်ဘူး....သွား.....သွား....သွား!!!!!!!!!!!!!! "

ကျမအသက်ရှူသံတွေမြန်ကာ နိုးထလာခဲ့တယ်
ဘေးဘီကြည့်လိုက်တော့ ကျမအခန်းလေး

"ဟူး....ောတ်သေးတယ်"

သက်ပြင်းတစ်ချက်ချတာ ကျလာတဲ့ ချွေးကို သုတ်လိုက်တယ်
အချိန်ကိုကြည့်လိုက်တော့ မနက် 7:00ကျော်နေပြီ

အလုပ်နောက်ကျတော့မှာမို့ မြန်မြန်ပြင်ဆင်ကာ
ကျမလုပ်ရမဲ့ Mini martလေးဆီလမ်းလျှောက်လာခဲ့တယ်

ညဘက်ဆို အိပ်မရတဲ့အကျင့်
ကျမ အိပ်မက်ဆိုးတွေထဲက
လွတ်မြောက်ချင်စိတ်နဲ့ မအိပ်ခဲ့တာပါ

အိပ်မက်ဆိုးဆိုတာကြီးကို ကြောက်တယ်
မက်လိုက်တိုင်းလည်း ဆိုးဆိုးဝါးဝါးတွေချည်းပဲ

ဘယ်လိုမှ မခံစားနိုင်ဘူး
ကျမရဲ့အိပ်မက်က

မှောင်မိုက်နေတဲ့ ရဲတိုက်ကြီးထဲမှာ ကျမတစ်ယောက်တည်း
လက်မှာလည်းသွေးတွေနဲ့ ကျမဘေးမှာ နှင်းဆီပန်းလေးတစ်ပွင့်

ကျမ ငိုနေတယ် ဟုတ်တယ် အိပ်မက်ထဲမှာ ကျမ ငိုနေတယ်
ပြီးတော့ မိန်းမကြီးတစ်ယောက်က ကျမကို လိုက်ခဲ့လိုက်ခဲ့ဆိုပြီးခေါ်တယ်

သူ့မျက်နှာမှာ သူ့မျက်နှာမှာလည်း သွေးတွေနဲ့
ဟင့်အင်း ကြောက်တယ် တွေးရင်းနဲ့ကို ကြောက်မိတယ်

"ဒီမှာ ဒီမှာ!"

Bin : nae? ဘာကူညီပေးရမလဲမသိဘူး

"ငွေရှင်းဖို့စောင့်နေတာတော်တော်ကြာပြီ မိန်းကလေး မြန်မြန်"

Bin: aww ဟုတ်ကဲ့ တောင်းပန်ပါတယ်နော်

လူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံရတာလည်း မလွယ်တာပဲ အောက်ကျို့ပြီး နေရတာ ပိုဆိုးတာပေါ့

မနက်ကနေ ညနေထိ ကြိုးစားပမ်းစား လုပ်ပြီး
night duty change ရပြီ

Bin: sungwoon oppa!

sungwoon: ဟင်? ဘာလဲပြော

Bin: Binခရီးထွက်ချင်တယ်

sungwoon: ဟိတ် ဟိတ် အဲ့ဒါငါ့ကိုမပြောရဘူးလေ သူဌေးကိုသွားပြော

O' clock {Completed}Where stories live. Discover now