မိဘမဲ့​ကျောင်းတွင်​ တစ်​နှစ်​​ကျော်​​လောက်
ဒုက္ခခံရခြင်းသည်​ ဤ အို ဆယ်​ ဟွန်း ၏ အကြီးမားဆုံး
ကံ​ဆိုးခြင်းဟု ဆိုရလျှင်​ ​မွေးစားမိဘနှင့်​အတူ
မိမိအား ​သုံးလ​လောက်​ငယ်​သည်​ကိုအ​ကြောင်းပြ၍
အနိုင်​ကျင့်​​ဗိုလ်​ကျပြီး တစ်​ဖက်​လှည့်​နဲ့ သည်းသည်းလှုပ်
ဂရုစိုက်​တက်သ​​ည့် ဂင်​ ဂျုံ အင်​ ဆိုသူ၏
အချစ်​ခံရခြင်းသည်​လည်း တစ်​ဘဝလုံးတွင်​​နောက်​ထပ်
မရနိုင်​​တော့​သော အကြီးမားဆုံးကံ​ကောင်းခြင်းပင်​ ။

" အို ဆယ်​ ဟွန်း က အို ဆယ်​ ဟွန်း ဘဲ
ဖြစ်​ရမယ်​ ။ ကျ​တော်​တို့မျိုးရိုးထဲ လုံးဝမသွင်းရဘူး "

အနှီးဂင်​ဂျုံ အင်​ ကိုယ်​တိုင်​ သူ့မိဘ တစ်​နည်း
ဆယ်​ ဟွန်း၏ ​မွေးစားမိဘများအား ဆယ်​ဟွန်း
ကွယ်​ရာတွင်​ ထုတ်​​ပြောခြင်းကို နားနှင့်​ဆက်​ဆက်
ကြားလိုက်​ရသည့်​အချိန်​မှစ၍ မိဘရင်းအား
ပြန်​ရှာရန်​ ကြိုးစားခဲ့သည်​ ။

ထိုကာလအတွင်းမှာပင်​ အ​ဖေ့ကားဒရိုင်​ဘာဦး​လေးနှင့်
အဆက်​အသွယ်​ပြန်​ရပြီး ကလပ်​အများအပြားပိုင်​​​နေပြီ
ဖြစ်​​သောဖခင်​ရင်းအား ရှာ​တွေ့ခဲ့သည်​ ။
ထိုနှစ်​အတွင်း၌ပင် ​​နောက်​တစ်​အိမ်​​ထောင်​နှင့်
စည်းစိမ်​အပြည့်​ သခင်​မကြီးအသွင်​ ​ကြော့​မော့​နေ​သော
မိခင်​ရင်းအားလည်း အဆက်​အသွယ်​လုပ်​နိုင်​ခဲ့သည်​ ။

သို့​သော်​ငြား အ​တွေ့ပင်​မခံ​သောအ​ဖေဖြစ်​သူက
ဆယ်​ဟွန်း ကို အမည်​နာမ​လေး​တောင်​ မှတ်​မိဟန်​မတူပါ ။

အစပိုင်းတွင်​​တော့ မိဘရင်းများအားပြန်​​တွေ့ရသဖြင့်
အတူမ​နေနိုင်​လျှင်​​တောင်​ ​ကျေနပ်​မိပါ​သေး၏ ။

အချိန်​ကြာ​လေ သူတို့ဆီမှ မိမိကိုလက်​ခံမ​ပေးနိုင်​​ကြောင်း
အရိပ်​အ​ယောင်​​ပေါင်းများစွာမြင်​လာရသည့်​အခါ
ဆယ်​ ဟွန်း နာကျည်းလာသည်​ ။

မွေးစားမိဘများ​တောင်​ ​အလွန်​အမင်း​ကောင်းရဲ့သားနှင့်
သူတို့က ​သွေးရင်းများဖြစ်​ပြီး အဘယ့်​​ကြောင့်​များ
ဆယ်​ ဟွန်း အား လျစ်​လျူ ပြုနိုင်​ရက်​အံ့နည်း ။

ကို​ ​လေး .. [ Complete ] Место, где живут истории. Откройте их для себя