5 .

530 54 5
                                    

ဤ Fic အတွင်းရှိ အ​ကြောင်းအရာများသည်​ Author ၏ စိတ်​ကူးသီးသန့်​သာ ဖြစ်​ပါသည်​ ။
မည်​သူကိုမှ ထိခိုက်​​စေလိုခြင်း မဟုတ်​ပါ
________________________

မနက်​ ၉ နာရီ​ကျော်​မှ မင်​​ဆော့ နိုးလာခဲ့သည်​။
လိုက်​ကာ ပိတ်​ထား​ပေမယ့်​ အလင်း​ရောင်​​တွေက
လိုက်​ကာကို ထိုး​ဖောက်​ကာ အခန်းတွင်းဝင်​​ရောက်​​နေ​လေပြီ။

အဖွဲ့သား​တွေက​တော့ ကိုယ်​စီသွားကြပြီ ။
Suho , D.O. , Kai တို့က မ​နေ့ညတည်းက ကိုယ်​စီအိမ်​ပြန်​သွားကြသလို
Kris , Chanyeol , Tao တို့ကလဲ ​မ​နေ့ည​နေက ​လေဆိပ်​သွားကြသည်​။
Baekhyun တို့ Yixing တို့ Chen တို့က​တော့ မနက်​အ​​စောကြီးထပြီး သွားကြသည်​ဖြစ်​ပြီး
Luhan နဲ့ Sehun လဲ ခပ်​​စော​စော ထွက်​သွားကြသည်​။

Luhan သွားရန်​ ပြင်​ဆင်​​နေသည့်​အချိန်တွင်​​ မင်​​ဆော့ တစ်​ချက်​နိုးသွားသည်​။ သို့​သော်​ luhan က မင်​​ဆော့​အား လက်​​မောင်း​လေးပုတ်​၍ "" **ကျွတ်​ကျွတ်​ကျွတ်** ပြန်​အိပ်​ ပြန်​အိပ်​ ​စော​သေးတယ်​ "" ဟု က​လေး​ချော့သလို ​ချော့ကာ မီးပိတ်​၍ ထွက်​သွားသည်​။

ထို အချိန်​မှစ၍ ထပ်​အိပ်​​ပျော်​သွား​သော မင်​​ဆော့ သည်​ ပုံမှန်​ မနက်​ ၇ နာရီ ထ ​ပေမယ့်​ ဒီ​နေ့​တော့ ၉နာရီ​ကျော်​အထိ မထ ပဲ လှိမ့်​ပိန့်​အိပ်​​နေခဲ့သည်​။

" ပင်​ပန်းလိုက်​တာ "

အိပ်​ချင်​မူးတူး လုံး​​နေတဲ့ စကား​ ​လေးလုံးကို ​ပြောကာ မင်​​ဆော့​ ​စောင်​ကို ခွ၍ ပြန်​တိုးဝင်​ခဲ့သည်​။

လေးနှစ်​တာ SM လို ကုမ္ပဏီကြီးတွင်​ ထရိန်​နင်​ ဆင်းခဲ့ရသည့်​အပြင်​ ​ကျောင်းကိစ္စ​တွေကိုပါ တွဲလုပ်​​နေရ​တော့ ပင်​ပန်းသည်​။

Idol အဖြစ်​ debut ပြီး​နောက်​လဲ အဖွဲ့သားများထဲ ကြီးဆုံး ဟူသည့်​ စိတ်​ဖြင့်​ ​ပေါ့​ပေါ့ပါးပါး ​တော့ သိပ်​မရှိလှ ၊ လုပ်​​ဖော်​ကိုင်​ဖက်​​တွေနဲ့ အလုပ်​လုပ်​ရင်း ကိုယ်​က အ​တော်​ဆုံးမဖြစ်​​တောင်​ သူများနည်းတူလုပ်​နိုင်​ရန်​ ၊ ကိုယ့်​​ကြောင့်​ အ​နှောင့်​အယှက်​ ​, ​နှောင့်​နှေးမှု မဖြစ်​ရန်​ ကြိုးစား​နေထိုင်​ရသည်​။

ChenXiu OTP {Completed} Dove le storie prendono vita. Scoprilo ora