ဆယ်​ဟွန်းလဲ လုဟန်​မျက်​နှာတစ်​ချက်​ကြည့်​ကာ ​ခေါင်းငြိမ့်​ပြလိုက်​သည်​၊

Minseok Hyung လို လူမျိုး ဆယ်​ဟွန်း ဖြစ်​ချင်​တယ်​ ။

စကား​ပြောဆို ​ပြေလည်​ကြပြီး​နော်​ ဆယ်​ဟွန်း အခန်းထဲက ထွက်​လာသည်​။ အစ​တော့ အ​ပေါ်တတ်​​တော့မလို့​ပေမယ့်​ ​နောက်​ ​စိတ်​​ပြောင်းသွားကာ Lay နဲ့ Chen ရဲ့ အခန်းကို တံခါး​ခေါက်​လိုက်​သည်​။

Chen
" ဆယ်​ဟွန်း "

Sehun
" Hyung .. Hyung ကို ​ပြောစရာရှိလို့ "

Chen
" လာ .. ဝင်​ "

ဆယ်ဟွန်း ​​အခန်းထဲ ဝင်​သွား​တော့ Laptop တစ်​လုံးနှင့်​ Lay က ထိုင်​ခုံ​ပေါ်မှာ ။

Sehun
" Lay Hyung
ကျ​တော်​ Hyung ကို ချည်​ ဆိုးရတာ အားနာလာပြီ"

Lay
" ဘာကိုလဲ 💻 "

Lay ရဲ့ မျက်​နှာက ထုံးစံအတိုင်း အူ​ကြောင်​​ကြောင်​​လေးဖြစ်​ပြီး ထိတ့်​လန့်​သွားသည်​။

Sehun
" ကျ​တော်​ Chen Hyung နဲ့ ၂​ယောက်​တည်း ​ပြောစရာ​လေးရှိလို့ အဲ့ဒါ Hyung ခဏ​လောက်​ ကျ​တော့်​ အခန်းဆီ တတ်​သွား​ပေးလို့ရမလားဟင်​ ၊ ​တောင်းပန်​ပါတယ်​ Hyung ရယ်​ "

Lay
" မင်းက ရုပ်​တည်​ကြီးနဲ့ ​ပြော​နေ​တော့ ငါ လန့်​သွားတာပဲ ၊ ဒါ​လေး​ပြောတဲ့ဟာကို တကယ်​ပါပဲ ၊ ဘာများဖြစ်​တာလဲလို့ "

Sehun
" ဟီး .. Hyung ကို အားနာလို့ပါ
အ​ပေါ်မှာ Suho hyung ရှိတယ်
တတ်​သွားလိုက်​​နော်​ Hyung "

Lay
" ဂျွန်​ဂျွန်​ ကို ​ပြောစရာရှိတယ်
ကိုရီးယား က သူ​ဌေးအိမ်​​ရောက်​ဖူးချင်​တယ်​ ...​နောက်​အ​ခေါက်​ကျ ကျိန်း​သေ ​ခေါ်ဖို့ သွား​ပြောထားရမယ်​ "

Chen နဲ့ Sehun က ​ပြောရင်း ထ သွားသည့်​ Lay ကို ကြည့်​ကာ ပြုံးရယ်​မိကြသည်​။

Chen
" ဘာ​ပြောမလို့လဲ "

Sehun
" ဘယ်​က စ​ပြောရမှန်း မသိဘူး ဖြစ်​​နေတယ်​ "

Chen
" ကြိုက်​တဲ့​နေရာက စ​ပြော ၊ Hyung က နားမလည်​တာ ပြန်​​မေး​ပေးမယ်​ "

Sehun
" Hyung တို့ရဲ့ show ကြည့်​လိုက်​ရတယ်​ ၊ ​ရေထဲကျသွားတဲ့ မင်​​ဆော့ hyung ကို Hyung က ​နောက်​က​နေ တဘတ်​နဲ့ ဖက်​ထားခဲ့တာ​တွေ့တယ်​ "

ChenXiu OTP {Completed} Where stories live. Discover now