ဒီ​နေ့ အ​ဒေါ်ကြီး ရဲ့ ကျီကဲဟင်းရည်​ က ​မွှေးပျံ့ လတ်​ဆတ်​​နေသည်​။

Minseok
" Hyung လဲ ဗိုက်​ဆာ​နေပြီ "

Jongdae
" ဒီ​နေ့က ထမင်းမဟုတ်​ဘူး ၊ လက်​လုပ်​​ခေါက်​ဆွဲကို ခရုနဲ့သုပ်​ထားတာ တဲ့ ၊ စားလို့​ကောင်းတယ်​ "

Minseok
" အိုး...... စားချင်​စရာ​လေး "

မင်​​ဆော့​ ဝင်​ထိုင်​​လေ​သောအခါ ဂျုံဒဲ က ​ခေါက်​ဆွဲပန်​ကန်​ကို မင်​​ဆော့ဆီ​ပေးလိုက်​သည်​။

Jongdae
" Hyung နယ်​စားလိုက်​ရုံပဲ "

နယ်​စားလိုက်​ရုံပဲ ဟု ဂျုံဒဲ ​ပြော​နေ​ပေမယ့်​ ဂျုံဒဲ ရဲ့ မျက်​လုံး​တွေက နယ်​​ပေးချင်​သည်​အထိ ။

Minseok
" ​ကောင်းလိုက်​တာ
Woooo တကယ်​​ကောင်းတာ
အရသာ​လေးက ... arrrr မိုက်​တယ်​ "

အားရပါးရ ​ကောင်း​ကောင်းစား​နေတဲ့ မင်​​ဆော့ Hyung ကို ကြည့်​ရင်း ဂျုံဒဲ ရဲ့ မျက်​လုံး​တွေက ရွှန်းလဲ့​နေသည်​။

Jongdae
" ကျ​တော်​ Hyung အတွက်​ ​ကော်​ဖီ​ဖျော်​ထားတယ်​ "

ဂျုံဒဲ က ​ကော်​ဖီကရားထဲမှ ခွက်​ထဲသို့ ​ကော်​ဖီ​ပြောင်းထည့်​​ပေးလိုက်​၏။

Minseok
" ​ကျေးဇူးပဲ ဂျုံဒဲ
ဒါနဲ့ မင်းဘာလို့ အ​စောကြီးထလာတာလဲ "

Jongdae
" ကျ​တော်​ ထ မလာရင်​ Hyung တစ်​​ယောက်​တည်းမလား "

ဂျုံဒဲ ရဲ့ စကား​ကြောင့်​ ဟင်းရည်​​သောက်​​နေ​သော မင်​​ဆော့ ရဲ့ လှုပ်​ရှားမှု ရပ်​တန့်​သွားသည်​။

ပူ​နွေး​နွေးဟင်းရည်​က မင်​ဆော့ ရဲ့ လည်​​ချောင်းထဲကို ​နွေး​ထွေးသွား​စေသလို ဂျုံဒဲရဲ့ စကားက မင်​​ဆော့​ ရင်​ဘတ်​ကို ​နွေး​ထွေး​စေသည်​။

" ​ကော်​ဖီ ​ကောင်းတယ်​ ဂျုံဒဲ "

မင်​ဆော့ က အမူအရာ​တွေ ရပ်​တန့်​ပြီးမှ စကား ဆက်​လိုက်​သည်​။

ထို အားလုံး ကို ​လှေကားရင်းမှ လှမ်း ကြည့်​​နေသည်​ကား ဆယ်​ဟွန်း ။

ဆယ်​ဟွန်း အ​တွေးထဲမှာ Chen Hyung ရဲ့ အ​တွေး​တွေကို သိချင်​သည်​။ Chen Hyung က Xiumin Hyung ကို ချစ်​တာလား မချစ်​တာလား ဟွန်းငယ် ​​စဉ်းစားလို့မရ​တော့ဘူး ။

ChenXiu OTP {Completed} Where stories live. Discover now