အခန်း(၈) -Double Heartbeats

Start from the beginning
                                    

မင်းစက်ရဲ့နေ့လည်တုန်းက သူမအပေါ်ပြုမူလာခဲ့တဲ့တုံ့ပြန်မှုတွေကြောင့် မေ့ပျောက်နေတာကြာပြီဖြစ်တဲ့မာန်ဆိုတဲ့လူသားကို သူမရဲ့မှတ်ဥာဏ်တွေထဲမှာပြန်အောက်မေ့သတိရသွားရခြင်းပေ။

သူမချစ်သူကတော့ သူမအမေးကိုကြားတဲ့အခါ မျက်နှာထားတို့ပြောင်းလဲသွားခြင်းမရှိဘဲ တည်ငြိမ်လေးနက်သောအသံဖြင့်သာပြန်ဖြေလာသည်။

"အဆက်အသွယ် မရတာ ၂နှစ်ရှိပြီ" ဟူ၍။

မောင်က သူမအမေးကိုတည်တည်ငြိမ်ငြိမ်နဲ့ပဲပြန်ဖြေလာခဲ့သော်လည်း သူ့ရဲ့တုံ့ပြန်မှုကရေခဲစိုင်တမျှအေးစက်လွန်းနေသည်။

သူမရဲ့ချစ်သူက အဲ့ဒီနှစ်ကအကြောင်းအရာတွေကိုတကယ်ပဲမေ့ပစ်နိုင်ခဲ့ပြီလား။ အချိန်၂နှစ်တာအတွင်းမှာ မောင်တကယ်ပဲ ထိုဒဏ်ရာတွေကိုကုစားနိုင်ခဲ့ပြီလား။

ဒါတွေကိုသူမအတိအကျနားမလည်ခဲ့ပေမယ့် မောင်ရဲ့ဖြူ့အပေါ်ထားတဲ့ ပြုမူဆက်ဆံပုံတွေကတော့ ဒီနှစ်တွေအတွင်း
သိသိသာသာပြောင်းလဲသွားခြင်းတို့မရှိခဲ့ပေ။သူကသူမအပေါ်ငြင်သာနွေးထွေးစွာဂရုစိုက်မြဲပင်ဖြစ်ကာ သူမဆီကနေထွက်သွားဖို့အရိပ်အယောင်တစ်စွန်းတစ်စမျှမပြလာခဲ့ပေ။

မောင်က သူမအပေါ်၌ယောက်ျားတစ်ယောက်ရဲ့မိန်းမတစ်ယောက်အပေါ်ပွတ်သပ်ထိတွေ့ခြင်းကဲ့သို့သောအသားယူခြင်းမျိုးနဲနဲလေးတောင်မရှိခဲ့သလို ချစ်သူရည်းစားဖြစ်သည့်အလျှောက် သူ့တာဝန်တော့ သူကျေပွန်လေသည်။

သူမ ဝမ်းနည်းတဲ့အခါ သူ့ရင်ခွင်ကို သူမရဲ့နားခိုရာနေရာတစ်နေရာအဖြစ်ထားထားကာ တင်းကြပ်စွာထွေးပွေ့ထားတတ်သည်။

သူမပျော်ရွှင်တဲ့အခါ သူနဲ့အတူ ပျော်ရွှင်ခြင်းအမှတ်တရတွေကို လွတ်လပ်ပေါ့ပါးစွာမျှဝေပေးနိုင်ပြီး သူမအကူအညီလိုအပ်တဲ့အခါတွင်လည်းဘေးနား၌အမြဲလိုလိုနှစ်သိမ့်ပေးကာအစွမ်းကုန်ကူညီဖေးမပေးခဲ့သည်။

သူမ ကြောက်လန့်နေတဲ့အခါ သူမရဲ့လက်နှစ်ဖက်ကို သူ့ရဲ့နွေးထွေးတဲ့ လက်တစ်စုံနဲ့ တင်းတင်းဆုပ်ကိုင်ပေးထားလျက် သူမကြောက်ရွံ့ထိတ်လန့်ရတဲ့အရာမှန်သမျှရှေ့ကနေသမားမားမတ်မတ်နဲ့
ရပ်တည်ကာကွယ်ပေးတတ်ကာ
သူမရဲ့စိတ်ဝိဥာဥ်ကိုအကြွင်းမဲ့လုံခြုံစေခဲ့တဲ့ယောကျာ်းတစ်ယောက်ပင်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now