အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်

Start from the beginning
                                    

ဒါ့ကြောင့် သူမျက်စိစုံမှိတ်ကာ Partnerကိုရွေးချယ်လိုက်ပေမယ့် သူ့ရှေ့မှာထိုင်နေတဲ့ partner ကမိန်းကလေးဖြစ်နေပြန်တဲ့အခါ ဒါကတော်တော်ကြီးကို သောက်ကျိုးနည်း ကွိုင်တက်စရာပင်။

သူအဖွဲ့ဖွဲ့ပြီးလို့မကြာခင်မှာပဲ သင်တန်းကကောင်မလေးတွေရဲ့ဆူဆူညံညံအသံတို့စီထွက်လာတာကိုကြားလိုက်ရတာကြောင့်
သူလည်းသိချင်ဇောနဲ့နောက်လှည့်ကြည့်လိုက်လေသော် ကောင်မလေးတွေကိုဆူညံအောင်လုပ်လိုက်တဲ့အဓိကတရားခံမှာ
သူ့အခန်းဖော်ဖြစ်နေပြီးဒီနေ့မှပဲဘယ်လေတိုက်လို့ သင်တန်းဘက်ဆီသို့ရောက်လာခဲ့မှန်းမသိ။

အရင်နေ့တွေတုန်းကဆို ထိုလူသားရဲ့အရိပ်အယောင်ကိုတစ်စွန်းတစ်စလေးမျှမမြင်တွေ့ရပေ။

ထိုတစ်ယောက်က ကြက်ခြေနီအသင်းရဲ့ခေါင်းဆောင်တစ်ယောက်ဆိုတာကိုတောင် သူ့ရဲ့ဦးနှောက်ထဲမှာမေ့လျော့လုနီးနီးပင်။

သူက ကျွန်တော့်ကိုသင်တန်းမှာရှိမှန်းသိပုံတောင်မပေါ်ပါဘူး .....

အခန်းထဲဝင်လာတာနဲ့ ဒီဘက်ကိုတစ်ချက်တောင်လှည့်မကြည့်ဘဲ မြတ်မင်းစက်ဆိုတဲ့အကိုနားကိုပဲခပ်တန်းတန်းလျှောက်သွားကာထိုအကိုနဲ့ပဲ စကားလက်ဆုံကျနေပေသည်။

တစ်ချက်တော့ သူနဲ့ကျနော်အကြည့်ချင်းဆုံသွားခဲ့ပေမယ့် ကျနော့်ဘက်ကနေစပြီးအကြည့်လွှဲလိုက်ပါတော့သည်။
ဘာလို့လဲဆိုတော့ အခု သူ့အခန်းဖော်ကိုအတင်းဖျစ်ညစ်ပြီး ပြုံးပြနိုင်တဲ့အခြေအနေမဟုတ်သေးတာကြောင့်ပင်။

"အဖွဲ့ဖွဲ့ပြီးကြရင် စကြရအောင် အခုရှေ့ဆုံးနှစ်တွဲကစပါမယ်

စီနီယာတွေက တစ်ဖွဲ့တစ်ယောက်စီ ကြီးကြပ်ပေးပါ

ဒီအဆင့်ကိုအောင်မှသာ မနက်ဖြန် သင်တန်းဆင်းလက်မှတ်ပေးမှာဖြစ်ပါတယ်
အဲ့ဒါကြောင့် ဒီအဆင့်မှာကြိုးစားပြီးအာရုံစိုက်ပေးကြပါနော်

ပြီးတော့ဒီအဆင့်ကရှက်စရာမဟုတ်ပါဘူးမောင်နှအချင်းချင်းရိုင်းပင်းကူညီပေးကြတယ်လို့ပဲ သဘောထားကြပါ ဒါဆို အခုရှေ့နှစ်တွဲစပါမယ်"

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now