အခန်း(၄) - First smile's Night

Începe de la început
                                    

ထိုအမှန်တရားကိုသိလို့ကတော့မင်းခန့်ထည်တစ်ယောက်ယခုကဲ့သို့ကျေနပ်စွာပြုံးနေနိုင်မည်မဟုတ်တော့။

အဘယ်ကြောင့်ဆိုသော်
ရှိုင်းဇေယံကသူ၏နာမည်ကိုသိနေရတဲ့ကိစ္စတစ်ရပ်ဟာ မနက်မိုးလင်းရင်မျက်နှာသစ်ရမည်ဟူသော သာမန်အလေ့အထတစ်ခုကဲ့သို့ ထိုကောင်လေး၏တစ်နေ့တာထဲမှာထွေထွေထူးထူးပါဝင်ပက်သတ်ခြင်းတို့ရှိမနေခြင်းကြောင့်ဖြစ်သည်။

တန်ချိန်တော်တော်လေးတဲ့ Physicsစာအုပ်ကြီးကိုခုံပေါ်ပြန်ချလိုက်ပြီးနောက် ရေလဲပုဆိုးတစ်စုံကိုယူထုတ်လိုက်ကာ သူအခန်းထဲကနေထွက်သွားလိုက်သည်။

မင်းခန့်ထည်ထွက်သွားပြီးမကြာခင်ပင် ရှိုင်းဇေယံကအဆောင်သို့ပြန်ရောက်လာခဲ့သည်။

ရှိုင်းပြန်ရောက်လာချိန်တွင်တော့ အခန်းလွတ်ကြီးသာရှိနေကာ သူစာအုပ်တွေကို ဂရုတစိုက်နဲ့ထုတ်နေစဉ်မှာပဲ အခန်းတံခါးတွန်းဖွင့်သံလေးကို နားဖျားထက်ကနေကြားလိုက်ရသည်။

တံခါးဖွင့်သံလေးနဲ့အတူ လန်းဆန်းစူးရှတဲ့ Lemonရနံ့တစ်ခုက ရှိုင်းရဲ့နှာခေါင်းဝလေးဆီသို့ တိုးဝှေ့ရိုက်ခတ်သွားတာကြောင့် ရှိုင်းဇေယံက ထိုရနံ့လေးကိုမသိမသာနမ်းရှုံ့မိလိုက်၏။

မင်းခန့်ထည်ကရေချိုးဆပ်ပြာကိုသုံးလျှင်အနံ့ပြင်းပြင်းနှင့်ခပ်စူးစူး Lemonရနံ့ကိုသာသုံးတတ်ပြီးရှိုင်းကတော့ ရနံ့သင်းတဲ့ဆပ်ပြာတစ်မျိုးကိုသာသုံးတတ်သည်။
ဒီလို အနံ့စူးစူးမျိုးကို သူ၏အနံ့ခံအာရုံတို့ကနေ တစ်ခါမှမတွေ့ထိခဲ့ဖူးပေမယ့် ဒီရနံ့ကိုတော့ သူ၏အာရုံတို့ကထူးထူးခြားခြားနှစ်သက်သဘောကျမိတာကိုတော့ဝန်ခံရပေမည်။

ဒီတစ်ခါတော့ မင်းခန့်ထည်ဘက်ကနေအရင်စကားစလိုက်သည်။
ဒေါသသံတို့မပါဝင်တဲ့လူကြီးလူကောင်းပီသလှသော ခပ်သြသြလေသံဖြင့်။

"မင်း ပြန်ရောက်တာကြာပြီလား"

"အခုလေးတင်ပြန်ရောက်တာ"

ရှိုင်းကလည်းကျေကျေလည်လည်ပဲပြန်ဖြေလာခဲ့တာမို့ မင်းခန့်ထည်ရဲ့စိတ်အစဥ်ကရေချိုးသန့််စင်တုန်းကထက် ပို၍ကြည်လင်ရွှင်ပျလာကာ စိတ်ကြည်တဲ့အနေနဲ့ သူ ထိုကောင်လေးကိုအကြံတစ်ခုပေးဖို့ဆုံးဖြတ်လိုက်သည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Unde poveștirile trăiesc. Descoperă acum