အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး

Start from the beginning
                                    

"မသိသေးဘူး"

"ငါတို့သုံးယောက်ကဝင်မှာ !"

အမြဲတမ်းလန်းဆန်းတက်ကြွနေပါတဲ့ကလျာလေးက Crushဖြစ်တဲ့ရှိုင်းဇေယံကိုပါ Clubထဲဝင်စေချင်တာကြောင့်မဲဆွယ်ချင်နေသည့်နှယ်အားပါပါနဲ့အသံကျယ်ကျယ်ထပြောလာလေသော်ရှိုင်းရဲ့မျက်လုံးတွေတောင်အနည်းငယ်ဝိုင်းစက်သွားရလေ၏။

သူမဘေးက၂ယောက်ကသူမကိုတံတောင်နဲ့တွတ်လာမှ K dramaတွေထဲကအဒေါ်ကြီးတွေအသံကဲ့သို့ဖြစ်နေပါသောသူမ၏စွာကျယ်ကျယ်အသံကိုပြန်ထိန်းလိုက်ကာမျက်နှာတစ်ပြင်လုံးနီရဲတွတ်သွားရပြီးအိန္ဒြေရစွာခပ်တိုးတိုးဆက်ပြောလာလေသည်။

"နင်ဝင်မယ်ဆိုရင် ငါတို့အဖော်ရှိတယ်လို့ပြောမလို့ပါ"

"အင်း ငါလည်းစဉ်းစားကြည့်လိုက်ဦးမယ်"

ထို့နောက် ရှိုင်းကသူတို့သုံးယောက်ကိုနှုတ်ဆက်လိုက်ကာ ကျောပိုးအိတ်ကိုကြိုးတစ်ဖက်ကနေလွယ်လိုက်လျက် အခန်းထဲကနေ စမတ်ကျသောဟန်ပန်အပြည့််နဲ့ထွက်ခွာသွားလေ၏။
သူ၏အတွေးရထားထဲမှာတော့သော်တာတို့ပြောလိုက်တဲ့စကားတို့ကမရပ်မနားခုတ်မောင်းနေတာကြောင့် သူ့ရဲ့အဖိုးတန်ဦးနှောက်လေးကို ကြက်ခြေနီ Clubအတွက်အလုပ်ပေးလိုက်ရလေသည်။

-----------------------------------------------------------

အတန်းထဲကနေထွက်လာချင်းချင်းပင် အိတ်ကပ်ထဲရှိဖုန်းကတုန်ခါလာတာကြောင့်မင်းခန့်ထည်တစ်ယောက် သူ၏သူငယ်ချင်းတွေကိုစကားလှည့်မပြောနိုင်တော့ဘဲ လက်ဟန်ဖြင့်သာနှုတ်ဆက်လိုက်ပြီး ဖုန်းအမြန်ကိုင်လိုက်ရလေသည်။

Contact nameက ဖုန်း Screenထက်မှာ'ဖြူစင်သော်'ဆို၍ပေါ်နေတာကြောင့် လက်မလေးနဲ့ Screenပေါ်သို့ပွတ်ဆွဲလိုက်ကာဖုန်းပြန်ဖြေလိုက်သည်။

"ဟဲလို ဖြူ"

Screenတစ်ဖက်ကနေ ချိုမြသောအသံကြည်ကြည်လေးက ထွက်ပေါ်လာခဲ့ကာချစ်ခင်တွယ်တာမှုတို့ပြည့်နှက်နေလျက်။

"မောင် ဖြူ Canteenမှာစောင့်နေတယ် မြန်မြန်လာခဲ့နော်"

"အင်းအင်း"

သူငယ်ချင်းတစ်သိုက်ကသူဖုန်းဖြေနေစဥ်အခိုက်အသီးသီးထွက်သွားကြပြီဖြစ်ကာကော်ရစ်တာ၌သူတစ်ယောက်တည်းသာကျန်ရစ်ခဲ့တော့လေသည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now