အခန်း(၁) - အခန်းဖော်ချာတိတ်

Start from the beginning
                                    

ထိုစဉ် မေဂျာမခွဲရသေးတဲ့Compoundခန်းလေးခန်းအနက် အစွန်ဆုံးအခန်းထဲတွင်တော့ အတန်းထဲရောက်မှစသိကြတဲ့ First year ဂျူနီယာလေးတွေဟာ မိတ်သစ်ဆွေသစ်စဖွဲ့နေကြလေသည်။

အတန်းပထမဆုံးနေ့ဖြစ်တာကြောင့် အတန်းပိုင်ဆရာက Major ၉ခုအကြောင်းကို ကလေးတွေနားလည်အောင်အသေးစိတ်မိတ်ဆက်ရှင်းပြတာကိုသာပြုလုပ်ခဲ့ပြီး Lectureတွေတော့မပို့ချသေးပေ။ထို့ကြောင့် ကျောင်းသားလေးတွေမှာဘေးနားရှိစိမ်းသက်သက်သူငယ်ချင်းတချို့နဲ့မိတ်ဖွဲ့စကားပြောကြခြင်းဖြင့်အတန်း၏ ပထမဆုံးတစ်ချိန်ကိုကုန်ဆုံးခဲ့ကြသည်။

အဖြူအပြာကျောင်းဝတ်စုံလေးကိုချစ်စရာကောင်းစွာဝတ်ဆင်ထားတဲ့ပြည့်လုံးလုံးကောင်မလေးက သူမ၏ဘေးနားရှိကျန်မိန်းကလေး၂ယောက်ကိုစကားအရင်စပြောလိုက်သည်။

"ငါက ကလျာ"

သူမစကားစလိုက်တော့ကျန်၂ယောက်ကလည်းသိပ်ပြီးစိမ်းသက်မနေတော့ပဲဖော်ဖော်ရွေရွေနဲ့ပြန်မိတ်ဆက်လာခဲ့ကြသည်။

"ငါက သော်တာ"

"ငါက ဒါဒါ"

သော်တာဆိုတဲ့ကောင်မလေးကအသားညိုပေမယ့်ဆွဲဆောင်မှုရှိတဲ့အလှတရားကိုပိုင်ဆိုင်ထားကာ ဒါဒါကမူအသားလတ်ကာကြော့ရှင်းရည်မွန်သောအလှတရားကိုပိုင်ဆိုင်ပေသည်။ကလျာလေးကတော့ နှင်းဘောလုံးလေးသဖွယ်ဖြူဖြူလုံးလုံးလေးဖြစ်ပြီး သူမရယ်လိုက်ရင်လည်းကြက်ဥလေးတွေကဲ့သို့ဖောင်းတက်သွားတတ်သည့်ပါးမို့လေး၂ဖက်နဲ့သိပ်ကိုချစ်စရာကောင်းလှပေ၏။

သည်လိုနဲ့အလယ် Rollပထမဆုံးအတန်းကကိုယ်စီအလှတရားတို့ပိုင်ဆိုင်ထားသည့် First yearကောင်မလေးသုံးယောက်ကသူငယ်ချင်းတစ်ဖွဲ့ဖြစ်သွားကြလေသည်။

မနက်ပိုင်းသုံးချိန်ထဲက၂ချိန်မှာ Englishနဲ့ Engineering Mathematicsဖြစ်ပြီးထိုဆရာ၂ယောက်ကတော့ ကလေးတွေကိုနားချိန်မပေးဘဲစာစသင်လေသည်။

နည်းပညာကျောင်းရဲ့Englishဆရာတွေဟာ IELTSကိုအဓိကထားသင်ကြားကြကာ ပထမဆုံးဖတ်ခိုင်းတဲ့Jumping Spiderအကြောင်းကိုဖတ်ရတာနဲ့တင်
အလုပ်မပေးတာကြာပြီဖြစ်တဲ့ ကျောင်းသားတွေရဲ့ခပ်ထုံထုံဦးနှောက်တွေဟာဆိုရင်တစ်ဖန်ပူနွေးလာရတော့သည်။
အတန်းချိန်မှာ၄၅မိနစ်ဖြစ်တာကြောင့် Paragraph ၆ပိုဒ်အနက် ၃ပိုဒ်သာပြီးကာEnglishဆရာထွက်သွားသည်နှင့်တစ်ခန်းလုံးစားပွဲပေါ်မှောက်အိပ်လိုက်ကြပြီး တဟူးဟူးနှင့်သက်ပြင်းချလာကြလေသည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now