ELEVENTH

2.7K 266 4
                                    

အနည်းငယ်အေးစက်နေသလိုခံစားရတာကြောင့် စောင်ခြုံမယ်လုပ်တော့ လက်မောင်းရင်းနားက လေးပင်တဲ့ထိတွေ့မှုကြောင့်
JongIn ရဲ့ မျက်လုံးတွေပွင့်လာခဲ့သည်။

မပွင့်တပွင့်ဖြစ်နေသော မျက်လုံးနဲ့ ကြည့်လိုက်တော့ ဖြူလုံးလုံး KyungSoo ကြောင့် မျက်လုံးတွေပွင့်လာသည်။

ရင်ဘက်နားမှာမျက်နှာလေးအပ်ပြီး အိပ်ပျော်နေတဲ့ KyungSoo ကို ကြည့်ပြီး မနေ့ညက ကိစ္စကိုသတိရကာ အားရစွာပြုံးလိုက်သည်။
အဝတ်မရှိတဲ့ခန္ဓာကိုယ်လေးက အေးလို့လားမသိ ပို၍တိုးပြီး
ဖက်လာတာကြောင့် စောင်ကို ပခုံးပေါ်ထိဆွဲတင်ကာခြုံပေးလိုက်ပြီး
ရင်ခွင်ထဲထည့် ၊ နဖူးလေးကိုနမ်းလိုက်သည်၊

ခဏကြာတော့ အင်း အဲ ဖြစ်လာပြီး အညောင်းဆန့်ကာ တဝါးဝါးယသမ်းလာသည်။

"နိုးပြီလား ကလေးငယ် "

JongIn ပြောလိုက်တော့ ခေါင်းလေးမော့ပြီး သူ့ကိုကြည့်ကာ မျက်လုံးပြန်မှိတ်သွားသည်။

"အဆိုးလေး ... ထတော့ "

နှာခေါင်းချင်းထိထားလိုက်ပြီး လက်တစ်ဖက်က KyungSoo ရဲ့ ဆံပင်လေးကို သပ်တင်ပေးနေသည်။

"အင်း ... အိပ်ချင်သေးတယ် ဦး "

လေးပင်တဲ့အသံနဲ့ပြောလာတာကြောင့် JongIn မနှိုးတော့ပဲ
ပြန်အိပ်စေခိုင်းသည်။
မနေ့ညက ထိန်းချုပ်မရတဲ့စိတ်ရိုင်းကြောင့် စိတ်ကြိုက်ပြုမူခဲ့လို့
ကလေးငယ် အရမ်းပင်ပန်းနေပြီလို့ထင်သည်။ အဲ့တာကြောင့်
အတင်းမထခိုင်းတော့ပဲ ပြန်သိပ်လိုက်သည်။

ရင်ခွင်ထဲက ကလေးငယ်က သု့ကိုပြန်ဖက်ရင်း အိပ်ပျော်သွားခဲ့သည်။သူကတော့ ကလေးငယ် မနိုးသ၍ အိပ်ရာကမထဟု ဆုံးဖြတ်လိုက်သည်။

အိပ်ပျော်နေတဲ့ ကလေးငယ်ကို တစိမ့်စိမ့်ကြည့်နေရင်းနဲ့ သူပေးထားတဲ့အမှတ်အသားလေးတွေကို ပြန်င်္ပြီ ဖိကပ်နမ်းလိုက်သည်။

မနေ့ညက အရမ်းမကြမ်းခဲ့သော်လည်း ပထမဆုံး
ဖြစ်တာကြောင့် စိတ်ကြိုက်တော့ပြုမူခဲ့သည်။ ပြီးသွားတဲ့အချိန်မှာတော့ ကလေးငယ်ဟာ ခပ်တိုးတိုးအသံရှူသံနဲ့အတူအိပ်စက်သွားခဲ့ပြီပင်။

World's best kisserWhere stories live. Discover now