FIFTH

3.6K 374 16
                                    

"ခင်ဗျားက ဘယ်သူလဲဟင် "

တိုးလျလျအသံနဲ့ KyungSoo မေးလိုက်တော့ စူးရှသော
မျက်ဝန်းဖြင့်သူ့အားလှည့်ကြည့်လာလေသည်။
သု့်သော် ဒီတစ်ခါတော့ သူ့မျက်ဝန်းတွေက မှိန်လျလွန်းသည်။

"ကလေးရဲ့ ဦးလေ "

နားမလည်သောဟန်ဖြင့် ကြည့်လိုက်တော့ ဆံပင်လေးကို အသာလေးဖွလိုက်၏။

"ကလေးကို ချစ်နေတဲ့ သူပါ ....
ကလေးက ဦး ရဲ့ ကမ္ဘာလေ "

စကားအဆုံးမှာ အံ့သြဝိုင်းစက်လာတဲ့ KyungSooရဲ့ မျက်ဝန်းလေးကို
ပြန်လည်ကြည့်ရင်း မျက်ခွံမို့မို့လေးပေါ်ကို အနမ်းခြွေချမိပြန်သည်။

"အချိန်တန်ရင် ကလေးရှေ့မှာ ရဲဝံ့စွာနဲ့ အမှန်ကိုပြောမှာပါ ..
အဲ့မတိုင်ခင်အထိတော့ ဒီလိုလေးပဲ နေပါရစေ ...
ကလေးအနားမှာ ဒီလိုပဲနေပါရစေ .... အဲ့ချိန်ထိတော့
ဦးကိုစောင့်ပေးနော် "

ဆွေးမြေ့နေသော မျက်ဝန်းတွေနဲ့ပြောနေတဲ့ ထိုလူကြောင့်
KyungSoo ဘာမှမလုပ်နိုင်။ ထိုသူကိုသာ ဆက်ပြီုးကြည့်နေလိုက်သည်။ မျက်နှာဖုံးစွပ်ထားတာကြောင့် ထိုလူ၏ ပုံအမှန်က်ု မခန့်မှန်းတတ် ။ ပ်ုဆိုးတာက အလင်းရောင် မှ်န်ဖျဖျသာ ရှ်နေတာကြောင့်
သည်းကွဲစွာမမြင်ရတဲ့
ထိုလူကို ကြည့်ပြီး စဉ်းစားရခက်နေသည်။

ဒီ မျက်ဝန်းတွေကို ရင်းနှီးနေလိုက်တာ ...

"ကလေး အိပ်တော့လေ ... ကျောင်းသွားရဦးမယ်မလား "

"ခင်ဗျား သွားတော့လေ ",

" ကလေးအိပ်နေတာကို ကြည့်ချင်သေးတယ် "

" မရဘူးနော် .. .ခင်ဗျား မသွားမချင်း ကျွန်တော်မအိပ်ဘူး "

မျက်မှောင်ကြုတ်ရင်း ပြောလိုက်တော့ စူးစိုက်ကြည့်ကာ
နှုတ်ခမ်းပါးက တွန့်ကွေးသွားသည်။

"ဘာ ရယ်တာလဲ "

" ချစ်ဖို့ကောင်းလို့ "

" ခင်ဗျားနော် သွားတော့ "

ကုတင်ပေါ်မှာ ထိုင်နေတဲ့ သူ့ကို အတင်းဆွဲထူလိုက်သည်။
သု့်သော် ထိုနေရာကနေ မရွေ့။

"အီး .... အား ....."
ရှိသမျှ အသံပေါင်းစုံ ထွက်လာပေမယ့်လည်း ထိုလူကြီးကတော့ ရယ်မြဲပင်။

World's best kisserWhere stories live. Discover now