"လူကသာ စစ်ပဲတိုက်နေတာ..အချောအလှကတော့ မြင်တတ်ပါ့"

စစ်သူကြီးချုပ်က ရယ်ရယ်မောမော စနောက်သည်၊
ဆရာသခင်လည်းဖြစ်နေပါသောကြောင့်
သခင်ကြီးခဗျာ မငြင်းဆိုနိုင်ဘဲ မျက်နှာပူနေရသည်၊
စစ်သူကြီးများအားလုံးထဲတွင်
ဒီလူသည် အငယ်ဆုံးလည်းဖြစ်သလို
ကျန်စစ်သူကြီးများ ဒီအသက်အရွယ်တွင်
သားချော့တေးဆိုနေရချိန်တွင်
စစ်သူကြီးရှင်းက စစ်ချီတေးသာ အရဆိုသည်
လူပျိုကြီးလုပ်ရန်ငယ်သေးသော်လည်း
မယ်မယ်ဖြစ်သူက ရွေးပေးသမျှ မိန်းကလေးတိုင်းလည်း သေဘာမက်၊
အရိပ်ဖမ်းရခက်သော မျက်နှာထားပေါ်မှာလည်း
သဘောကျသော မိန်းကလေးရှိဟန်လည်း မတူ၊
အခုကြမှ ကောက်ခါငင်ကာကြီး
အမတ်ချုပ်ရဲ့သားငယ်နဲ့ လက်ထပ်ချင်သတဲ့လား။

အကြောင်းအရင်းမှန်ကို သခင်ကြီးသာ သိပေလိမ့်မည်၊
သို့သော် ဂင်သတို့သားငယ်သည် ငြင်းစရာမရှိလောက်အောင် သိပ်လှသည်၊

စကားအဆုံး အရက်ခွက်ထဲ လျှံကျလာပါသော သေရည်တို့ကြောင့် တစ်ကျိုက်တည်း မော့ချလိုက်သည်။
ချောလှသည်ထက်ပိုပါသော ကြင်ယာတော်သည် ကျက်သရေရှိတာထက် ပိုနေသည်ကိုတော့ ဝန်ခံရမည်၊

မယ်မယ်ရွေးပေးခဲ့ဖူးပါသော သတို့သမီးအလောင်းအလျာတို့ကြား
ကျော်လွန်လျက် စကာတင်စာရင်းတောင် မဝင်ပါသော
ဤကေလးငယ္ကို ရွေးချယ်ခဲ့မိသည်အတွက် နောင်တရသည်ဟုတော့မရှိ၊

နှစ်ဦးနှစ်ဖက်အဆင်ပြေသွားတာပဲဟုသာ တွေးမိသည်၊

"သူစိမ်းတစ်ယောက်နှင့် လက်ထပ်ရမည့်ကလေးငယ်ကို ကာကွယ်ပေးချင်သပါ့" ဟု ရှောင်း သတို့သားက ဆိုသော်လည်း
အမှန်စင်စစ်တွင်မူ စစ်သူကြီးနှင့် သတို့သားငယ်ချန်းသည်လည်း
တစ်ခေါက်တိတိသာ တွေ့ခဲ့ဖူးသည်ဖြစ်သည်၊

"အမတ်ချုပ်ဂင်ရဲ့ သားငယ်နဲ့ပဲ လက်ဆက်ပါမည်"ဟူ၍
မယ်မယ်ဖြစ်သူ ယခုဘုရင်ငယ်လေး၏ အဘွားဖြစ်သူကို
ပြောကြားပြီးသည်နှင့် နယ်ခြားစောင့်တပ်များဘက်သို့
ချီကြွသွားလိုက်သည်မှာ ယနေ့မင်္ဂလာပွဲနေ့ကျမှ ပြန်တွေ့ကြသည့်အဖြစ်၊

GRIEF//Mpreg//Where stories live. Discover now