Chapter_1

24.8K 1.1K 40
                                    

_____________Z.A.W.G.Y.I.___________

ဂျော်လာနမ်ဒုံနယ်ံစား ရှင်း၏ မင်္ဂလာပွဲနေ့ဖြစ်သည်၊
ရှင်းဟူသည် ဂျိုဆွန်းပြည်ကြီးကို အုပ်ချုပ်နေပါသော ဘုရင်မင်းမြတ်၏ ဦးရီးတော်လည်း ဖြစ်သည်

ထို့အတွက်ကြောင့်ထင်..
ဂျော်လာနမ်ဒုံ တိုင်းတစ်ခုလုံးဝယ် မင်္ဂလာပွဲနေ့အမှီ ကြွရောက်လာပါသော ဧည့်ပရိသတ်တို့နှင့် ပြည့်လျက်ရှိသည်။

ပွဲနေ့ကြီးမတိုင်မှီ တစ်ပတ်လောက်အလိုကပင် ကြက်ပျံမကျစတမ်း ပြည့်ကျပ်လျက်ရှိပါသော
လူအုပ်ကြီးသည်
ရှောင်း အိမ်တော်ကြီး၌သာမက မြိုတော်တစ်ခုလုံး ပြည့်လျှံသည်အထိပင်၊

အိမ်တော်ထဲဝယ် ရှောင်းသတို့သားသည် အရက်ခွက်ကို ကိုင်၍ အသားခြောက်ကို မြုံ့သည်၊
ဂျိုဆွန်းပြည်ကြီး၏ စစ်သူကြီးလည်းဖြစ်သေးသော ရှောင်းသတို့သား၏ မင်္ဂလာပွဲသို့ ကျန်စစ်သူကြီးများလည်း တက်ရောက်လာခဲ့သလို
စစ်သူကြီးချုပ်သာမက တပ်ရင်းမှူးများအထိ တပ်ရင်းတစ်ခုစာနီးပါးရှိသော ရဲရင့်စစ်သည်တို့သည်
အိမ်တော်နံရံကြီးများပါ ကွဲထွက်သွားမတတ် ရယ်မော၍
အသက်ကြီးပါမှ ကြင်ယာတော် ငယ်ငယ်ချောချောမြှောက်ပါသော စစ်သူကြီးရှင်း ကို စနောက်နေလေရဲ့၊

အသက်အငယ်ဆုံးသော စစ်သူကြီးလည်း ဖြစ်သောကြောင့် ခွန်းတုံ့မပြန်နိုင်ဘဲ
စနောက်ရာစကားလုံးများကိုသာ အလူးအလဲ ကြိတ်မှိတ်ခံနေရင်း
ဆရာသခင်များ ငှဲ့ပေးရာ အရက်ကိုသာ မချစတမ်း မြိုချနေရတော့သည်၊

ကြင်ယာတော်ဂင်ကတော့ ပျော်ပွဲရွှင်ပွဲများစချိန်မှစ၍ အိပ်ဆောင်ဝင်သွားပြီဖြစ်ချေရာ
ငယ်ငယ်နုနုကလေးတစ်ယောက် ခြေဦးတည့်ရာ စေနာက်သံမ်ား မကြားရသည်မှာ တော်သေး၏ ဟု တွေးမိတော့သည်၊

စစ်သူကြီးချုပ်ကအစ အရက်ကလေးတထွေထွေနှင့် မူးနေပြီဖြစ်ရာ ပွဲက ညဥ့်နက်လာသည်နှင့်
အရှိန်တက်လာတော့သည်၊
ရှောင်းသတို့သားဟူသည်လည်း ပွဲစကတည်းက ကိုင်ထားပါသော အရက်ခွက်သည် ဂုဏ်ပြုစကားတစ်ခွန်းတိုင်းစီနှင့်အညီ
သေရည်ကို ခွက်အပြည်ဖြည့်သွားပေးပါသော
ဧည့်သည်တော်တို့ကြောင့် အရက်ခွက်သည် ချရသည်ဟူ၍မရှိ။

GRIEF//Mpreg//Where stories live. Discover now