7x(Zawgyi&Unicode)

Start from the beginning
                                    

ပုံမှန်ဆို အဲ့လိုငြိမ်နေတတ်တာက

သစ်တို့အိမ်မှ မဟုတ်တာ

တယောက်ပဲရှိရင်တောင် သီချင်းသံဖြစ်ဖြစ် ကြားနေရတတ်တာ.. နှစ်ယောက်ဆိုရင်တော့
တခါတလေ ရယ်သံမောသံစကားပြောသံ တခါတလေ အဟင်းအဟင်း...
သုံးယောက်ဆိုရင်တော့... အမြဲတစေ အဟင်းအဟင်း

အခန်းတံခါးက စေ့ရုံစေ့ထားတာမို့ အသာတွန်းဖွင့်လိုက်ရင်း

"ဦးမြတ်? "

ကုတင်ပေါ်မှာ ပက်လက်ကြီးလှဲနေတဲ့ ဦးမြတ်

ရုပ်ကြီးက မှုန်ကုပ်နေကာ သစ်ကိုစကားလဲ ပြန်မပြော

"ဦးမြတ် သစ်ကိုစိတ်ဆိုးနေတာလားဟင်
သစ်က နည်းနည်းလေးနောက်ကျသွားတာပါ
ရေမြန်မြန်သွားချိုးလိုက်မယ်နော်"

"မချိုးနဲ့"

"အမ်..သြော်.... သိပြီ
ဦးမြတ်က အတူတူချိုးချင်လို့လား
လာလေ အတူတူချိုးရအောင်"

"မချိုးဘူး"

"ဘာလို့လဲ?"

"😠"

" ဘာတွေဒေါသထွက်နေတာလဲ ဦးမြတ်ရဲ့
သစ် ဘာလုပ်မိလို့လဲလို့"

အိတ်ကလေး ဘေးချကာ အဝတ်အစားတွေချွတ်ပြီး ရေချိုးခန်းထဲဝင်ဖို့ တံခါးအဖွင့်

"ဟောဗျာ 😮😮 "

ဖရိုဖရဲ ဖြစ်နေတဲ့ ရေချိုးခန်းအခြေအနေကိုကြည့်ကာ
ဘာပြောရမှန်းမသိ

"ပိတ်လိုက် "

ဦးမြတ်ကိုလှည့်ကြည့်လိုက် ရေချိုးခန်းအခြေအနေကိုကြည့်လိုက်နဲ့

ခေါင်းချာချာလည်ပြီးမှ သစ်နားလည်သွားကာ

"😂😂ဦးမြတ်ရယ်... အမလေး ရယ်ရတာ မျက်ရည်ပါထွက်တော့မယ် ဟားဟား...
ဦးမြတ်ရယ် 😂😂"

ဦးမြတ်ဘေးကို ပြန်သွားထိုင်ကာ

"အခြေအနေ အရမ်းဆိုးနေလားဟင်
သစ်တို့တွေ ဆေးခန်းသွားကြရအောင်နော်"

"😤"

"အဲ့လိုကြီးမနေပါနဲ့ ဦးမြတ်ရယ် ဆေးခန်းသွားရအောင် နော်"

"မထနိုင်ဘူး"

"ဗျာ... အဲ့လောက်တောင်ဖြစ်သွားတာလား
သစ် ထူပေးရင်ရော"

Oh !Where stories live. Discover now