• 21 •

5.5K 437 59
                                    

Irene အကြည့်တွေက Seulgi ပုခုံးပေါ်က လက်ပိုင်ရှင်ကောင်မဆီက မခွာနိုင်။ ဒီကောင်မက ဘာကောင်မလဲ? ငါ့ အနာဂတ်ဇနီးအလျောင်းအလျာလေးကိုများ!!!

အံမယ်...ကိုယ့်ရည်းစားကလဲ အနေခွာမလားမှတ်တယ်
မျက်နှာက နပိုလီယံ စစ်နိုင်လာတဲ့ ရုပ်နဲ့ 🙂

ကုမ္မဏီအောက်ကို ဆင်းပြီး စောင့်နေတာ irene တော့ အမှားကြီး မှားပြီ ထင်ပါသည်။ မနက်စာကို ထမင်းပဲစားဖို့ စိတ်ကူးတာလဲ အမှားကြီးမှားပြီ။ မလာသေးတဲ့ မိမိတို့ရဲ့ ဥက္ကဌကြီးကလဲ မယားပူမိနေမှာ သေချာသည်မို့ မမျှော်လင့်တော့။ ရှိတဲ့ရည်းစားကို လှမ်းခေါ်တော့ မိမိဆီ အရင်ရောက်အောင် မလာပဲ ချော်တော့ငေါ့ပြီး
ဘယ်ကကောင်မနဲ့ စကားရပ်ပြောနေသလဲမသိ။

လောကကြီးက ကြက်ဟင်းခါးသီးကြီးလိုပဲ ကြည့်လို့လဲ မကောင်း စားလို့လဲမချို။

"Kang Seulgi shii"

အနားကို သွားရပ်ပြီး ခေါ်လိုက်တော့ အနှီဝက်ဝံက မျက်လုံးကြီး ပြူးကျယ်လာပြီး မိုးကြိုးပစ်ခံလိုက်ရတဲ့ပုံနဲ့ ကြည့်နေလေတယ်။

"မ.. ဆင်းလာတာလား ဟန်နီက ဒီမှာ အသိနဲ့တွေ့လို့...

"နင့်ကိုစောင့်ပြီး မနက်စာငတ်သေတော့မလို ခံစားလိုက်ရလို့ ဒီဘက်နားကို လျှောက်လာလိုက်တာ ပြောစရာကျန်သေးလား နင့်အသိနဲ့? ဒါဆို ငါတစ်ယောက်တည်း သွားမယ်"

ပြောလဲပြောရင်း တစ်ခါတည်း လှည့်ထွက်တဲ့သူ့ကို Seulgi က လက်မောင်းကနေ ဖမ်းဆွဲကာတားသည်။ အတင်းရုန်းပြီး လျှောက်လာရင်း ကုမ္မဏီ အရှေ့ထိ Kang Seulgi တစ်ယောက် လူဆိုးဖမ်းနေတဲ့ ရဲမေကြီးလို လိုက်ပါလာပြန်တယ်။

"နင်သွားလိုက်တော့ သွား"

ခြေလှမ်းတွေကို ရပ်ပစ်လိုက်ပြီး သူ့ဘက်လှည့်ကာ ရှိသမျှ အသံနဲ့ သိမ်းကြုံးအော်လိုက်တယ်။

ဆတ်ခနဲ တုန်သွားတဲ့ Seulgi က ချက်ချင်းပဲ စကားစလာတယ်။

"မ ရယ် ငါပြောတာကိုနားထောင်ဦးလေ။ သူနဲ့က စကားရပ်ပြောနေရုံပါ ငါတကယ်ပါ"

"ဘာမှ မ တာတွေ ပင့်တာတွေ လုပ်မနေနဲ့။ သွားး!!! နင့် အဲ့အသိဆိုတဲ့ ကောင်မဆီပြန်သွား။ စကားရပ်ပြောရုံဆို သူ့လက်ကြီးက နင့်ပုခုံးပေါ်ဘာလို့ရောက်နေတာလဲ? ဘာလဲ လက်ပြတ်ကြီးတင်ထားတာလား။ အဲ့ကောင်မ မျက်လုံးတွေကို ငါသိတယ်နော်
ငါ့အတိုင်းပဲ နင့်ကိုကြည့်နေတာ!!!"

- Time Lapse by Smeraldo -Where stories live. Discover now