All of You

3.3K 427 16
                                    

Jongin စိတ်​တိုလွန်းလို့ အပြင်​ထွက်​လာခဲ့တယ်

ဒီlaptop​ကို ​ပေးဖို့အတွက်​ ညလုံး​ပေါက်
Jonginထိုင်​​စောင့်​​နေခဲ့ရတာ​လေ

ဒါကို ငြင်းရက်​တယ်

ကားထဲဝင်​ထိုင်​ရင်း မျက်​ဝန်းတို့ကို မှိတ်​ချလိုက်​တယ်

စိတ်​ထဲပင်​ပန်း​နေပြီ တစ်​ညလုံးမှ Jonginမ​အိပ်​ရ​သေးပဲ

®Ring.®
တုန်​ခါကာမြည်​လာတဲ့ဖုန်းကိုကြည့်​လိုက်​​တော့ ပင်​ပန်း​နေတယ်​ဆို​ပေမယ့်​လို့
Jonginပြုံးမိသွားတယ်

"Jongin "

တိုးတိမ်​ချိုသာမြဲအသံ​လေးက Jonginကို
ခေါ်​နေ​လေရဲ့

"အင်း Liဘာလို့ အ​စောကြီးထရသလဲ
အိပ်​​ပျော်​​အောင်​အိပ်​တာမဟုတ်​ဘူး "

Jonginက ဆူမိသည်​ ..အချိန်​က 
6နာရီ​တောင်​ မရှိ​သေးတာကို

"နိုးလာတာကို ပြန်​အိပ်​လို့မှမရ​တော့ပဲ
Jonginရဲ့ အဲ့တာနဲ့ ကို့ဆီ ဖုန်းဆက်​လိုက်​တာ  "

*ကို* လို့ ​ခေါ်လိုက်​ *Jongin *ဖြစ်​သွား
လိုက်​နဲ့Liဟာ​လေ.....

Jonginနဲ့ လမ်းခွဲပါရ​စေ လို့ ​မျက်​ရည်​​တွေကျကာ ​တောင်းပန်​ခဲ့တဲ့ သူမဟာ တကယ်​တမ်းလည်း Jonginကို မပြတ်​စဲနိုင်​ခဲ့ပါဘူး

Jonginက​ရော.....ဟင့်​အင်း Liစိတ်​​ကျေနပ်​​အောင်​ပဲ ခဏတာလွှတ်​ထား​ပေးဖို့ ဆုံးဖြတ်​ခဲ့တာ....

Li​ရွေးချယ်​လိုက်​တဲ့ ချစ်​သူက သူမကို
မကြင်​နာ​လေ​တော့ Jonginစီ ပြန်​ကာ
ရင်​ဖွင့်​လာ​လေတဲ့ Liက အားမနာတတ်​ခဲ့

"အဲ့တာထက်​ Liထက်​​လေ Jongin ကသာ ထူးဆန်း​နေတာ ဘယ်​တုန်းကမှ အ​စောကြီး မထဖူးပဲနဲ့ "

Jonginက ဘာမှပြန်​မ​ပြောပဲ ရယ်​​နေမိ
သည်

Jonginအ​စောကြီးထမိတာမဟုတ်​ပဲ
အိပ်​ကိုမအိပ်​ရ​သေးတာဆိုတဲ့အ​ကြောင်း
သိရင်​​တော့ Liဟာ သိပ်​အံ့သြသွားလိမ့်​ဦး
မယ်

"​ဟော..​ဟော...ရယ်​​နေတယ်​...မဟုတ်​မှ..
.​ပြောပါဦး ​Jonginမှာချစ်​ရမယ့်
ကောင်​မ​လေးတစ်​​ယောက်​ ​တွေ့​နေပြီလား
ဟင်​ "

All Of YouWhere stories live. Discover now