Prologue

190 41 4
                                        

ချယ်ရီပင်တန်းများ၏အရိပ်ကို မှီထားသော ခုံတန်းရှည်လေး ၅နှစ်အရွယ် ကောင်လေးတစ်ယောက်ထိုင်နေသည်။ခြေဖမိုးမို့မို့လေးနှစ်ခုကို တစ်ခုပေါ်တစ်ခုထပ်ကာ ပွတ်လိုက် အခြေရှိမြက်ပင်လေးများကို ယမ်းရင်းတိုက်လိုက်နှင့်အလုပ်ရှုပ်နေသည်။လက်ဖဝါးသေးသေးလေး နှစ်ဖက်ကလည်း တစ်ချက်တစ်ချက်ကြွေကျလာသော ချယ်ရီဖက်လေးများကို ခံနေသေးသည်။ အရည်ကြည်လေးများ စိုစိုစွတ်စွတ်ဖြစ်နေသော နှုတ်ခမ်းလေးကိုလည်းဖိသိမ်းထားသည်။ပါးဖောင်းဖောင်းလေးမှာလည်း အိညက်ဖွယ်ရှိလျက်။မျက်လုံးလေးများဟာလည်း ဖန်ဂေါ်လီလေးကဲ့လို့ ကြည်လင်နေသည်။

"ကြာလိုက်တာ"

တနေရာရာကို အလိုမကျဟန်ဖြင့် လည်ပင်းလေး ရှည်ကာ မျှော်ကြည့်နေသည်။
သွားရည်ကြည်လေးများရွှဲနေသော အောက်နှုတ်ခမ်းကို အပေါ်နှုတ်ခမ်းဖြင့် ပွတ်ဆွဲက စုပ်တသတ်သတ်ဖြင့်။ရမ်းနေသော ခြေထောက်လေးကိုလည်း လေထဲ၌ ဆောင့်ဆောင့်ချနေသေးသည်။အလိုမကျသောကြောင့် မျက်ခုံးနှစ်ခုမှာလည်း တွန့်ချိုးနေပြန်၏။

သိပ်မကြာလိုက် ငှက်ကလေးနှစ်ကောင်ကို ဘယ်တစ်ဖက် ညာတစ်ဖက်ကိုင်ကာ ခုံတန်းကို ဦးတည်ပြီး အပြေးအလွှား လာနေသော ကလေးလေးတစ်ယောက်။အညိုရင့်ရောင် ဆံနွယ်များက ချွေးများဖြင့် ရွှဲက နဖူး၌ ဟိုတစ်ချောင်း ဒီတစ်ချောင်းကပ်နေသည်။တီရှပ် အဖြူရောင်လေး ဝတ်ထားသော်ငြားလည်း ဖုန်အလိမ်းလိမ်းသာတည်၏။အပြေးတပိုင်းလာနေရသော ဟစိစိ ပါးစပ်လေးမှာ ဟပ်ဟပ်ထိုး မောနေကြောင်းပြလျက်။

"ထယ်ထယ် ဒီမှာ"

ငှက်ကလေးနှစ်ကောင်ကို ရှေ့သို့ထိုးပေးရင်း
ပါးဖောင်းဖောင်းလေး၌ စီးကျလျက်ရှိသော ချွေးစက်လေးကို ညာပုခုံးမြှင့်က ခေါင်းလေးစောင်း၍ ပွတ်တိုက်သုတ်လိုက်သေးသည်။လက်ဖြင့်သုတ်ဖို့ရာလည်း ငှက်ကလေးများ ကိုင်ထားရသောကြောင့်မအား။

"ဂုဂီ နှစ်ကောင်တောင် ဖမ်းလာတယ်"

လိုချင်ရသွားကြောင့် ထယ်ထယ့်ဆိုသော ကလေးလေး၏ မျက်ဝန်းလေးမှာ အရောင်တလက်လက်ဖြစ်နေသည်။မျက်တောင်စိပ်စိပ်များကို အကြိမ်ကြိမ်ခပ်ကာ လက်လှမ်းထားသော ငှက်ကလေးကို ကိုင်ဖို့ စိတ်လှုပ်ရှားနေပုံရသည်။လက်ဖဝါးသေးသေးလေး နှစ်ဖက်ကို ဖိပွတ်လိုက် ငှက်ကလေးကို လက်ညိုးလေးဖြင့်ထိကာ နှစ်မိုင်လောက်ကို ခုန်ရောက်သွားလိုက်ဖြင့် အလုပ်ရှုပ်နေသည်။ဂုဂီလေးကတော့ ထယ်ထယ်လေး စိတ်လှုပ်ရှားနေပုံကို ကြည့်ကာ ခေါင်းလုံးလုံးလေးကို နောက်သို့လှန်လှန်ပြီး တခစ်ခစ်ရယ်နေသည်။

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Oct 25, 2022 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

MineWo Geschichten leben. Entdecke jetzt