Part (8)

4.4K 207 0
                                    

Zawgyi

Uni စလည်းတက်ကော ထင်တဲ့ အတိုင်းပင် Ruiyin က မိန်းကလေးတွေရဲ့ ရည်းစားစာပေးတာတွေ ထမင်းဝိုင်းကျွေးတာတွေလုပ်ကြလေတယ်

Ruiyin က အလုပ်အတွက်အဆင်ပြေမယ့် စီးပွားရေး ပိုင်းယူတော့ Yingလည်း လိုက်ယူချင်ပါတယ် ဒါပေမယ့် သူက အဲ့အပိုင်းစိတ်မဝင်စားတော့ အဲ့ကျောင်းက အနုပညာပိုင်းမှာသာ သွားတက်လိုက်တယ် တကျောင်းတည်းဆိုပေမယ့်လည်း အချိန်တွေ မတူတာကြောင့ါ တွေ့ချိန်မရှိကြဘူးလေ

အိမ်မှာသာ ညဘက် တွေ့ရတာမို့ Ying ကတော့ သိပ်မကျေနပ်ပေ

"ကလေးဘာတွေဆူပုပ်နေတာလည်းကွာ

"ခင်ဗျားကြီးပျော်နေတယ်မလား

"ပျော်တာပေါ့ ကိုယ့်ကလေးနဲ့ အတူနေနေရတာပဲကို

"အဲ့ဒါမေးတာဟုတ်ဘူး ခင်ဗျားကြီးကို ကျောင်းမှာ မိန်းကလေးတွေ လိုက်နေတာကိုပြောတာ

"အော် ပျော်စရာလားကလေးရ မျက်စိတောင်နောက်သေးတယ် ကိုယ့်မျက်လုံးထဲမှာ ကလေးပဲမြင်တယ်ကော

"မယုံပါဘူး

"မယုံလို့မရဘူးလေကလေးရဲ့ ဒါအမှန်တရားပဲကို

"ဟွန်းနော် ပြီးမှ အသံတွေမကြားချင်ဘူး

"ကောင်းပါပြီဗျာ ဒါနဲ့ကလေးက အနုပညာမှာဆို ဘယ်လိုလည်း အခြေအနေ

"ဘယ်လိုပြောရမလည်း စာမကျက်ချင်လို့ဘာ အဲ့ဟာက်ုရွေးလိုက်တာ စိတ်ဝင်စားတာလည်းမဟုတ်ဘူးဆိုတော့ ဒီလိုပါပဲ

"ဟဟဟားး ကလေးကတော့ကွာ

"ရယ်နဲ့ ကျွန်တော်က အသက်ကြီးလာလည်းရှာစားစရာမလိုဘူးလေ ခင်ဗျားကြီးရှိနေတာပဲကို

"ဟိတ်ဟိတ် စကားလေးတွေကနော် ကိုယ့်ကိုအခုထဲက ချုပ်နေပြီ သရုပ်ဆောင်ပဲလုပ်တော့ အဲ့လောက်စကားတက်နေတာ

"မဟုတ်ပါဘူးဗျာ ဒါက ဟောဒီ့ကနှလုံးသားထဲကလာတာပါ ခင်ဗျာ

"လူတက်လေ ဟော အချိန်တောင်နောက်ကျနေပြီ အိပ်ကြတော့မလား

"ခင်ဗျားနော်

"ဟော ဘာတွေတွေးနေတာလည်း အခုစောစောအိပ်မှ မနက်ဖြန် သွားနိုင်မှာလေ

My boss babyWhere stories live. Discover now