Chapter 10 ( Unicode )

21.9K 1.2K 4
                                    

"အဟက်..ဟိုကောင် ပြောတဲ့အတိုင်း၊ မင်းဟာက မင်းလိုပဲ ချစ်စဖွယ်ပါလား"

Joy သည် မဲ့ပြုံးလေးနဲ့ ခေတ်ရဲ့အလယ်ပိုင်းတိုင်းကို အရသာခံ ကြည့်ပြီးတဲ့နောက် ခေတ်အပေါ်ကို တက်ဖိပစ်လိုက်ကာ နှုတ်ခမ်းလေးကို ဆွဲစုပ်နမ်းရှိုက်ပြီး အနမ်းကြမ်းကြမ်းတွေကို ထုတ်လွှတ်သည်။ ဒီမိုးက ဘယ်အငြိုးနဲ့ ရွာမှန်းမသိအောင် မြေနိမ့်ရာဒေသမှာ ရေမြုပ်အောင်ကို ရွာချပစ်လိုက်သည်။

ကိုယ်က အရူးအမူးချစ်ရသလောက် ကိုယ့်ကိုလှည့် စားသော ချစ်သူကို နာကျင်ရအောင် လုပ်ပစ်ချင်သည်။ နှုတ်ခမ်းတွေကို ထုံပူနေအောင် အနမ်းကြမ်းကြမ်းတွေနဲ့ အပြစ်ပေးပြီးတဲ့အခါမှာ နှုတ်ခမ်းတွေကို လုံးဝပြန်မထိဘဲ လွတ်လပ်ရေးပေးလိုက်သည်။

ခေတ်ခေါင်းလေးက ဘေးဘက်ကို စောင်းကျသွားသည်။ ခေတ်ကို မဲ့ပြုံးကြည့်လိုက်ကာ လည်တိုင်ကို ဆွဲစုပ်ပစ်ပြီး ကိုက်ပစ်လိုက်သည်။ ရမ္မက်တွေကို ပါဝါအပြည့်ဖြည့်ပြီး နီရဲနေအောင် အသားနုနုလေးကို စုပ်ယူပစ်လိုက်သည်။ သစ္စာဖောက်ရဲ့ အသားက ခါးသက်နေရမှာကို သင်းနဲ့ကျမှ ချိုသည်တဲ့လား။ ရယ်စရာတော့ အကောင်းသား။ တိုက်ပွဲကျ ဒူးထောက်ပြီး အလံဖြူပြသွားတဲ့အရှုံးသမားကို အောင်နိုင်သူအပြုံးမျိုးနဲ့ Joy ကြည့်လိုက်သည်။

ခေတ်မျက်နှာက သွေးမရှိအောင် ဖြူစုတ်နေပြီး Joy ရဲ့ခြယ်လှယ်မှုတိုင်းမှာ လှုပ်ရှားရုန်းကန်မှုလည်း မရှိ။ ကစားပွဲက ပျင်းစရာကောင်းသည်။ ကိုယ်အမဲဖျက်နေတာကို ရုန်းကန်နေတဲ့ယုန်သားကိုမှ အရသာခံပြီး ပွဲတော်တည်ချင်သည်။

"ဟေ့ကောင်..ခေတ်... မင်း မာယာတွေ များမနေနဲ့၊ အဲ့လိုအကွက်တွေနဲ့ ငါက အချုပ်ခံမယ်ထင်နေလား..ဝေးသေးတယ်"

ဘယ်ဘက်ပါးပြင်ကို လက်ငါးချောင်းနဲ့ ဖက်ခနဲ ရိုက်ပစ်လိုက်တဲ့အခါ ခေတ်ရဲ့ခေါင်းက လူသေလိုပဲ ညာ ဘက်ကို စောင်းကျသွားသည်။Joy မျက်နှာအရောင်လည်း ပြောင်းလဲသွားကာ ခေတ်ကိုယ်ပေါ်ကို တက်ဖိ ထားရာကနေ ခေတ်ကိုဆွဲထူလိုက်သည်။ ခေတ်ခန္ဓာ ကိုယ်က အထိန်းအကွပ်မရှိ ဟန်ချက်မနိုင်ဘဲ Joy ရင်ဘတ်ပေါ် ပြိုလဲကျလာသည်။

ကိုယ့်ရဲ့ VIP [completed]Where stories live. Discover now