II.

898 162 2
                                    

(Zawgyi)

ကျွန်တော်ရဲ့ Kai . .

ကျွန်တော်ရဲ့ ဝက်ဝံလေး . .

|| KAI ||

သက်တူ ရွယ်တူဖြစ်တဲ့ ကျွန်တော်နဲ့ kaiက အိမ်နီးချင်းတွေလည်း ဖြစ်တာကြောင့် သွားအတူ လာအတူ စားအတူနဲ့ အတူရှိနေချိန်တွေ များခဲ့တယ် . .

အများအားဖြင့် kaiက ကျွန်တော်ရဲ့အိမ်မှာပဲ လာကစားတယ် . . မိုးကောင်းကင်ပေါ်ကနေ နေမင်းကြီး မရှိတော့မှ kaiရဲ့ommaက လာခေါ်လေ့ရှိတယ် . . တစ်ခါတစ်လေဆို kaiက မပြန်ချင်ဘူးဆိုပြီး ကျွန်တော်ကို ဆွဲဖက်ကာ ဂျီကျတတ်သေးတယ် . .

ကျောင်းတက်ရတဲ့အချိန်ဆိုလည်း kaiနဲ့ကျွန်တော်က တစ်ခန်းတည်းပဲ . . . ကျွန်တော်က ဒီမှာ ကျောင်းစတက်ရတဲ့နေ့တုန်းကဆို kaiက သူဘေးနားမှာ အရင်တည်းက ထိုင်နေတဲ့ကျောင်းသားလေးကို နေရာဟြေင်းခိုင်းပြီး ကျွန်တော်ကို သူဘေးနားမှာ ထိုင်ခိုင်းခဲ့တယ်... ...

kaiတို့မိသားစုမှာ ထူးခြားချက်တစ်ခု ရှိတယ်... အဲဒါက တစ်နှစ်မှာ တစ်ကြိမ်... ခရီးထွက်ခြင်းပဲ . . အဲတစ်ကြိမ်က တစ်လနီးပါးကြာတယ် . . ပြီးတော့ အဲဒီခရီးထွက်တဲ့လကလည်း အမြဲတမ်း januaryလပဲ . .  kaiကို မေးကြည့်တော့ ဒါက သူတို့မိသားစုရဲ့အစဉ်အလာတစ်ခုလို့ပဲ ဟြေတယ် . . .

ဘယ်ကို သွားကြတာလဲ . . ဘာတွေ လုပ်ကြလဲ မေးရင်လည်း အမြဲစကားလမ်းကြောင်း လွှဲလွှဲသွားတာမို့ နောက်ပိုင်းကျ ကျွန်တော်လည်း မမေးဖြစ်တော့ဘူး . .

ကျွန်တော် ဝမ်းနည်းမိတာ တစ်ခုတော့ ရှိတယ် . . kaiနဲ့ကျွန်တော်က januaryလ တစ်လထဲမှာ မွေးခဲ့တဲ့သူတွေ ဖြစ်တဲ့အပြင် မွေးရက်ကလည်း သိပ်မကွာဘူး . . ကျွန်တော်က january 12. kaiက january 14. . . ဒါပေမဲ့ တစ်ခါမှ မွေးနေ့တွေ ရောက်တိုင်း အတူရှိမနေဖူးဘူး . . ဘာလို့ဆို januaryလက သူတို့မိသားစု ခရီးထွက်တဲ့အချိန် ဖြစ်နေလို့လေ . .

kaiက အခြားအချိန်တွေဆို ကျွန်တော့်နားမှာ အချိန်တိုင်းလိုလို ရှိနေတတ်ပေမဲ့ . . ခရီးသွားနေတဲ့အချိန်ဆို ဖုန်းလေး တစ်ချက်တောင် မဆက်ဘူး. . .

ပြန်ရောက်တော့မှသာ . . *kyung soo-ah!!!* ဆိုပြီး ချက်ချင်းကို သူအိမ်ဘက်ကနေ ပြေးလာပြီး ဖက်တော့တာပဲ... အထုတ်အပိုးတွေကို အိမ်ပေါက်ဝမှာပဲ ပစ်ချခဲ့ပုံ  . . .

KAI  || Three Shots || Where stories live. Discover now