I can't live without you-14

1.3K 154 17
                                    

"Hk......ကင်​ဂျုံအင်း!!မင်းကသား​ကောင်​နဲ့ကစား​နေတာလား??"

"S....Sulphur..."

သူကVampireထဲမှာအားအကြီးဆုံးသူတစ်​​ယောက်​ ပြီး​တော့စည်းကမ်း​ဖောက်​ဖျက်​တဲ့လူ​တွေကို သုတ်​သင်​တဲ့သူ..

သူ​ဂျောင်​ဆူးကို​တွေ့သွားလို့မဖြစ်​ဘူး။

ကျွန်​​တော်​အမြန်​​ဂျောင်​ဆူးကိုအ​နောက်​ပို့ပြီးအခန်းတံခါးချက်​ချလိုက်​သည်​။

"ဂျုံအင်း....ဘာ...ဘာဖြစ်​တာလဲဟင်​..."

"အခန်းထဲမှာပဲ​နေခဲ့​နော်​..ကိုယ်​ခဏအပြင်​ထွက်​လိုက်​ဦးမယ်​"

ပြောပြီးအခန်းတံခါးသို့သွား​နေစဉ်​ ​နောက်​ကလှမ်းဆွဲထား​သော လက်​ဖဝါး​နွေး​နွေး​လေး​​ကြောင့်​ပြန်​လှည့်​ကြည့်​ပြီးပါး​နုနု​လေးကိုကိုင်​လိုက်​သည်​။

"ဂျုံအင်း..."

"အင်း...."

"ဘာအ​ကြောင်းရှိရှိငါကိုမထားသွားပါနဲ့​နော်​.."

"​ဂျောင်​ဆူး ကိုယ့်​ကိုယုံတယ်​မလား?"

"အင်း...."

"ဒါဆိုကိုယ်​သွားလိုက်​ဦးမယ်​​နော်​ "

"အင်း..."

ဂျောင်​ဆူး​နဖူးကိုခပ်​ဖွဖွနမ်းရင်း အပြင်​ကိုထွက်​လာ​တော့ လက်​ပိုက်​ပြီးရပ်​​နေသည့်​ Sulphurနဲ့လူသုံး​ယောက်​..

"ကင်​ဂျုံအင်း....အထဲကလူကအရသာရှိမယ်​​ပုံပဲ​နော်​!အနံနဲ့တင်​စွဲလမ်း​နေပြီ..."

Sulphurရဲ့စကား​ကြောင့်​ ကျွန်​​တော့်​သူလည်​ပင်းကိုညစ်​ပြီး ခပ်​ပြင်းပြင်းထပ်​ခါထပ်​ခါထိုးလိုက်​သည်​။

"Hk...ေ​ကျနပ်​ပြီလား?"

"Sulphur ငါမင်းကိုသတ်​မယ်​!!"

"ကျွတ်​ကျွတ်​... ကင်​ဂျုံအင်း!!!မင်းလူသားတစ်​​ယောက်​ကိုအရမ်းစွဲလမ်း​နေပြီ..."

"သူ့ကိုလုံးဝမထိနဲ့​နော်​!!"

"ထိရင်​​ရော...မင်းငါကိုမသတ်​နိုင်​ပါဘူး!မင်းအား​တွေနည်း​နေတာမင်းကိုယ်​မင်းအသိဆုံးဖြစ်​မှာပါ!အခုငါကလမ်းကြုံလို့လာနှုတ်​ဆက်​တာမင်းကငါကိုရန်​နဲ့​တုံပြန်​တာ​တော့ငါမ​ကျေနပ်​ဘူးကင်​ဂျုံအင်း.."

I can't live without you(Kaisoo Yaoi)Where stories live. Discover now