အပိုင်း(၃)

En başından başla
                                    

"ခဏလေး.....ကိုယ့်နေရာမှာကိုယ် ပြန်ထိုင်ပေးလို့

မရဘူးလား.....ကောင်လေး...

ငါ့အိမ်ထဲမှာတော့ မင်းကို ဒုက္ခပေးမယ့်သူ မရှိပါဘူး...''

နောက်ဖက်ဆီမှ ချိုလွင်ပြီး ပြတ်သားတဲ့အသံတစ်ခု....!!
တိတိကျကျ ပြောရရင် တစ်ပါးသူကို လွှမ်းမိုးနိုင်သော
အေးစက်သည့်အရိပ်အငွေ့တွေ သက်ဝင်နေသည့်
မိန်းမတစ်ယောက်၏ အမိန့်ပေးသံ....။
နောက်ဖက်ဆီသို့ အသာအယာလှည့်ကြည့်လိုက်လျှင်
အစိမ်းရောင်အငွေ့အသက်များ ဖြာထွက်နေသော မျက်ဝန်းတွေက ကျွန်တော့်ကို သုန်မှုန်စွာ စိုက်ကြည့်နေပြီး ဒေါသထွက်နေပုံရသည့် အမျိုးသမီးတစ်ဦး....

"မင်း ငါပြောတာ ကြားတယ်နော်....

ငြိမ်ငြိမ်ထိုင်နေစမ်း....

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို

ဘာမှ မလုပ်နိုင်ဘူးလို့ ထင်တယ်ပေါ့...

မင်းတို့ ယောက်ျားတွေအားလုံး အတူတူပဲ....''

သူမဟာ တောက်တစ်ချက်ခေါက်လိုက်ပြီး ကျွန်တော့်ကို
နောက်ဖက်ရှိအိပ်ရာပေါ်သို့ တွန်းလိုက်သည် ။
သူမကိုကြည့်ရတာ နူးညံ့ပုံပါ...။
ဒါပေမယ့် သူမရဲ့အတင်းအကျပ်စေခိုင်းမှုကြောင့်
အိပ်ရာပေါ်သို့ နောက်တစ်ဖန် ကျွန်တော် ရောက်သွားခဲ့ပြီ ။

"ဒီနေရာမှာ ငြိမ်ငြိမ်ထိုင်နေစမ်း... !!''

သူမကတော့ အံကြိတ်သံနဲ့ ကျွန်တော့်ကို ဟိန်းလားဟောက်လားလုပ်နေပြီ ။
အတွေးမဆုံးမီ ကျွန်တော့်ပေါင်ပေါ်သို့ သစ်သားလင်ဗန်းတစ်ချပ်
ရောက်လာတော့ နားမလည်နိုင်စွာနဲ့ သူမကို မော့ကြည့်မိသည် ။
သူမကတော့ ခါးပေါ်မှာ လက်နှစ်ဖက်ကို ဟန်ပါပါထောက်ရင်း
မျက်မှောင်ကုတ်ကာ ကျွန်တော့်ကို ရဲတင်းစွာ
စိုက်ကြည့်နေသည် ။

"ဒါကို ကုန်အောင်စား....အဲဒါ ငါ့ကို ကူညီတာပဲ...

ဒါမှ ငါလည်း မင်းကို ကူညီနိုင်မှာ...''

သူမအပြောကြောင့် ပေါင်ပေါ်မှာ တင်ထားသော စားစရာများကို
အသာငုံ့ကြည့်မိသည် ။
ပေါင်မုန့်တစ်ချပ် ၊ ဒိန်ခဲနဲ့သစ်သီးတစ်ချို့ ၊ တစ်ခုခုထည့်ထားတဲ့
အငွေ့တထောင်းထောင်းစွပ်ပြုတ်တစ်ခွက်.....
အသားတွေ အများကြီးထည့်ထားတဲ့ ဒီစွပ်ပြုတ်မျိုးကို ကျွန်တော် သိပ်သိတာပေါ့....
သူမကို အသာ မော့ကြည့်ရင်း ဒီစားစရာတွေကို လွှင့်ပစ်လိုက်ပြီးတော့
ကိုယ့်ပစ္စည်းတွေကို အသာယူကာ ဒီအိမ်ထဲက ထွက်ပြေးရရင်
ကောင်းမလား ဟူသော အတွေးစတစ်ချို့ ဝင်လာမိသော်လည်း
သူမ၏ ခက်ထန်သော အကြည့်တို့ကြောင့်
နောက်ဆုံးမှာတော့ အကြံအစည်တို့ကို
လက်လျှော့လိုက်ရသည် ။
စိတ်မပါလက်မပါဖြင့် ဇွန်းကို ကောက်ကိုင်လိုက်ကာ
ပူပူနွေးနွေး အစားအစာတို့ကို ဇွန်းအပြည့်ခပ်ရင်း
ပါးစပ်ထဲသို့ ဆတ်ခနဲ သွင်းပစ်လိုက်သည် ။

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Mar 20, 2019 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

ကန္တာရ ကချေသည် (Myanmar Translation) Hikayelerin yaşadığı yer. Şimdi keşfedin