အပိုင်း(၃)

2.6K 220 25
                                    

ကျွန်တော် အိပ်ရာမှ နိုးသောအခါ လက်ရှိကိုယ့်အခြေအနေကို
သတိမထားမိနိုင်ဘဲ  ပုံမှန်အတိုင်းလိုပဲ ကိုယ်ကို နည်းနည်း
လှုပ်ကြည့်တော့.....
အား....နာလိုက်တာ. !!
တစ်ကိုယ်လုံး နာကျင်နေတယ်.... !!

မနေ့က လက်နက်မျိုးစုံနဲ့ အထုအထောင်းခံရပြီး
သေလုမတတ် ခံစားခဲ့ရသည်များကို ပြန်မြင်ယောင်လာခဲ့သည် ။
လက်ကို အိပ်ရာပေါ်မှာ ထောက်ရင်း ကိုယ်ကို ခပ်ဖြည်းဖြည်းမကာ
ထမိတော့ နာကျင်နေမှုကြောင့် ပါးစပ်မှ ညည်းသံ ခပ်တိုးတိုး လွှတ်ခနဲ ထွက်သွားသည် ။
လက်ဖျံနေရာကအစ တစ်ကိုယ်လုံးနီးပါး ပတ်တီးစည်းထား၍
လူသည်လည်း ရုပ်ထုဖြစ်၍နေပြီ ။

ကိုယ်ပေါ်မှာလွှမ်းထားသောစောင်ကို ဖယ်လိုက်ပြီး
နောက်ထပ် လွှမ်းထားသော အဝတ်စဆီသို့ အားစိုက်ကာ
ငုံ့ကြည့်မိရင်း ပတ်တီးစည်းထားသောနေရာတွေဆီ သတိထားကာ လိုက်ကြည့်မိသည် ။
ဟင်.....!!!
ကျွန်တော် စိုးရိမ်မိတာ ဒီပတ်တီးတွေ မဟုတ်ဘူး.....
ကျွန်တော့်တင်ပါးပေါ်မှာ တံဆိပ်ရိုက်နှိပ်ထားတဲ့ အမှတ်အသား....!!
သူတို့ မြင်သွားပြီလား....??
ဒီဒဏ်ရာတွေကို ဘယ်သူကများ ဆေးထည့်ပေးတာလဲ...??
သူတို့သာ တကယ်လို့ သိသွားကြပြီဆိုရင်
ကျွန်တော့်အတွက် ဘယ်လိုမှ ကောင်းကျိုး မရှိနိုင်တော့ဘူး ။

လွှမ်းထားသော အဝတ်စကို ဖယ်ခွာလိုက်ရင်း
ကျွန်တော့်အဝတ်အစားတွေနဲ့ အတူရှိနေမယ့် ဓားတွေကို
အခန်းတဝိုက် ထိပ်ထိပ်ပျာပျာ ဝေ့ဝဲကာ ရှာမိသည် ။
ကျွန်တော့်အဝတ်အစားတွေက သိပ်များများစားစားတော့မဟုတ်ပေ ။
အညို နှင့် အစိမ်းရောင် နှစ်ထည်တည်း...။
အစိမ်းကတော့ ကျွန်တော် ကချေသည် မဖြစ်ခင်ကတည်းက
ဝတ်လာခဲ့တာ...။
အညိုကတော့ အစိမ်းရောင်ပိုးထည်ကို ဖုံးလိုဖုံးငြား
ထပ်ဝတ်ထားခဲ့တာ...။
ဟော.....တွေ့ပါပြီ...!!
မလှမ်းမကမ်းမှာ ....ကျွန်တော့်အင်္ကျီတွေက....!!

ကိုယ်ပေါ်မှာ လွှမ်းထားဆဲဖြစ်သော စောင်ပါးကို ဆတ်ခနဲ
လွှင့်ပစ်လိုက်ပြီး အဝတ်တွေ တင်ထားသော စားပွဲဆီသို့
ဒယိမ်းဒယိုင် ခြေလှမ်းများဖြင့် လှမ်းနေစဉ်မှာပဲ
နောက်ဖက်မှ ဘောင်းဘီကို ဆွဲလိုက်ခြင်းကို သတိထားမိလိုက်သည် ။
မဟုတ်ဘူး......!!
ကျွန်တော် ဒီက ထွက်သွားရမယ်....!!!

You've reached the end of published parts.

⏰ Last updated: Mar 20, 2019 ⏰

Add this story to your Library to get notified about new parts!

ကန္တာရ ကချေသည် (Myanmar Translation) Where stories live. Discover now