• 1 •

14.5K 576 33
                                    

180 /

ပထမဆုံးအနေနဲ့ စာမျက်နှာတစ်ခုကို ဖွင့်လိုက်တော့ စာလုံးသုံးလုံးက ဆီးကြိုနေသည်။

စာအုပ်ကို Taeyeon ပြန်ပိတ်လိုက်မိသည်။ ဤခပ်ဟောင်းဟောင်း စာအုပ်ထဲမှာ သူမရဲ့ အတိတ်တွေအကုန်လုံးကို ချရေးခဲ့မိတယ်။

အတိတ်တွေလား
ဘဝတွေလား
အချစ် သို့မဟုတ် အမုန်း။

...

📖 Day 1

ဒီနေ့ သူနဲ့ ချစ်သူစဖြစ်သွားပြီ... ငါ့ရင်တွေခုန်နေခဲ့တာ ငါ့ကိုယ်ငါတောင်မယုံနိုင်ဘူး သူက ငါ့ကိုချစ်တယ်တဲ့ -

ခပ်ရူးရူး ခပ်အအ လူတစ်ယောက်ဟာ ထိုအတိတ်မှာ ထိုကဲ့သို့ စတင်ကာ သူ့သေတွင်းသူတူးခဲ့ဖူးသည်။

"ဒီမှာ...ဒီမှာ...အဆင်ပြေရဲ့လား"

အတိတ်ကို ပြန်တွေးခြင်းဆိုသော်ငြား ထိုစကားသံကအစ တကယ်ကြားနေရသလိုဖြင့် ပစ္စုပ္ပန် မှာ သက်ရောက်သည်။

ထိုအချိန်တွေတုန်းက လေဆိပ်က ထိုင်ခုံတစ်ခုမှာ အရုပ်ကြိုးပျက် ထိုင်ပြီး ငိုနေတဲ့ Taeyeon ကို အထက်တန်းလွှာအမျိုးသမီးတစ်ယောက်က အရေးတယူ မေးခွန်းထုတ်ခဲ့သည်။

"ဟုတ်ကဲ့ ပြေပါတယ်"

တကယ်ကို ထိုအချိန်ထိ Taeyeon အဆင်ပြေခဲ့သည်။ ပြီးတော့ ထိုအချိန်ကစပြီး Taeyeon အဆင်မပြေတော့။

×××

တစ်စုံတစ်ယောက်ကို အဆုံးစွန်ထိ ဘာတစ်ခုမှ
ကိုယ့်အတွက် မကျန်တော့အောင် ချစ်ဖူးကြလား?
ဗလာဖြစ်သွားတဲ့ နှလုံးသားထဲ သူတစ်ယောက်ကတော့ အမြဲရှိနေတယ်ဆိုတဲ့ ခံစားချက်ကိုပိုက်ပြီး အချိန်ခရီးတွေသွားဖူးသလား?

×××

"ဟူးးး"

စာအုပ်ကိုအံဆွဲထဲပြန်ထည့်ပြီး ဘယ်နကြိမ်မြောက်မှန်းမသိ Taeyeon သက်ပြင်းချလိုက်တယ်။

လေယာဉ်စီးချိန်ကြာမြင့်ခဲ့လို့ ပင်ပန်းနေပြီမို့ ပြန်ရောက်ရောက်ချင်း ဒီအိမ်ငယ်ထဲက ဒဏ်ရာတွေကို ပြန်တူးဆွနေမိတာ သူမ မှားသည်။

- Time Lapse by Smeraldo -Where stories live. Discover now