I.

1.6K 174 3
                                    

(Zawgyi)

ကျွန်တော်ရဲ့ Kai . .

ကျွန်တော်ရဲ့ ဝက်ဝံလေး . .

||Kai||

Hello.. ကျွန်တော့်နာမည်က Doh Kyung Sooပါ.. ကျွန်တော်ရဲ့အချစ်ဇာတ်လမ်းလေးအကြောင်း ပြောပြမယ်လေ.. ဘယ်လိုလဲ သိချင်ကြတယ် မှတ်လား..

အင်းးး ကျွန်တော့်ချစ်သူက နည်းနည်းတော့ ထူးဆန်းတယ်ဗျ .. ဘာကြောင့်လဲဆိုတာ မပြောပြတော့ဘူး.. နောက်ကျရင် သိလာမှာပဲလေ ..

ကဲ.. ကျွန်တော်တို့နှစ်ယောက် စပြီးတွေ့ဆုံခဲ့တဲ့အချိန်ကို သွားကြတာပေါ့ ဟုတ်ပြီလား။

**

**

'kyung sooရေ ထိမိလိမ့်မယ်.. အိမ်ထဲဝင်နေလိုက်တော့'

'Nae''

ကားပေါ်ကနေ အိမ်ထဲကို ပစ္စည်းတွေ ရွေ့နေတဲ့လူတွေနဲ့ တိုက်မိမှာစိုးလို့ လှမ်းသတိပေးတဲ့ommaရဲ့စကားအတိုင်း ကားနားမှာ မနေတော့ဘဲ အိမ်ဝန်းထဲကို ၀င်လာလိုက်တယ်။

'အာ~~ ခြံက အရင်ခြံထက် ပိုကျယ်တာပဲ.. အိမ်ကလည်း တစ်ထပ်အိမ်လေး..'

kyung sooတစ်ယောက် အခုအိမ်လေးကို သဘောတွေကျကာ ပတ်ပတ်လည်ကို လိုက်ကြည့်နေတော့တယ်။ ခြံရဲ့ထောင့်လေးတွေမှာလည်း နှင်းဆီပန်းချူံတွေ တည်ရှိနေတယ်။

'wow!!! အ၀ါရောင်!!!'

အိမ်ရဲ့နောက်ဘက်ခြမ်းကို ရောက်တော့ တွေ့လိုက်ရတဲ့ အ၀ါရောင်နှင်းဆီပွင့်တွေကြောင့်ုkyung soo ပျော်သွားကာ ထိုပန်းတွေအနားကို ချက်ချင်းပြေးသွားတော့သည်။ အိမ်ပတ်ပတ်လည်မှာ တွေ့ခဲ့တဲ့ နှင်းဆီပန်းတွေက အကုန်အနီရောင်တွေမို့ အ၀ါရောင်နှင်းဆီပန်းအစုလေးတစ်စုကို တွေ့လိုက်ရတော့ ပျော်သွားခြင်းသာ....

'အ၀ါရောင်လေးတွေ..အ၀ါရောင်လေးတွေ!! ဟမ်??? အနောက်မှာ ခြံတစ်ခြံ ရှိသေးတာလား!!'

ပန်းတွေမှာပဲ အာရုံရောက်နေရာကနေ သူတို့အိမ်ရဲ့အနောက်ဘက်မှာ တည်ရှိနေတဲ့ ခြံဝန်းအကျယ်ကြီးတစ်ခုကို အာရုံေ၇ာက်သွားပြန်သည်။

'ခြံကြီးက အကျယ်ကြီးပဲ!!'

လူကြီးခါးအမြင့်လောက်ပဲ ရှိတဲ့ ခြံစည်းရိုးကနေ kyung soo ခြေဖျားထောက် ကျော်ကြည့်ကာ တစ်ဖက်ခြံထဲကို စပ်စုနေသည်။

KAI  || Three Shots || Nơi câu chuyện tồn tại. Hãy khám phá bây giờ