" ကိန္နရီမလေးက ချောလိုက်တာမှ ဟီး … ဟီး "

အခွက်ပြောင်လွန်းသော ချစ်သူအား စိတ်တိုတိုဖြင့် နရင်းတစ်ချက်အုပ်ကာ ငွေဖြင့်သွန်းလုပ်ထားသော စေတီများရှိရာ အခန်းသို့ဝင်၍ လျှောက်ကြည့်နေလိုက်မိသည်။

ငွေနှင့်ပြုလုပ်ထားသော စေတီငယ်လေးတွေကို လှည့်ပတ်ကြည့်ရှု၍ ပြန်အထွက် အပေါက်ဝနှင့်မလှမ်းမကမ်း၌ ပုလင်းထဲတွင် စေတီငယ်ထည့်ထားသောစင် ရှိလေသည်။ ထိုစင်အရှေ့တွင် ကျွန်တော့်ချစ်သူလေးက သုတေသနလုပ်နေလေရဲ့။

" ဒီပုလင်းထဲ အဲ့စေတီတွေ ဘယ်လိုများထည့်ပါလိမ့် "

ပြောလည်းပြော မှန်ဘောင်ထဲ မျက်နှာဝင်မတတ်ကိုကြည့်နေတာကြောင့် အသာပြန်ထိန်းဆွဲရသည်။

" နည်းရှိမှာပေါ့ "

" အစ်ကိုသိလို့လား "

" အဲ့တာလုပ်တဲ့သူသိမှာပေါ "

လက်ညိုးထိုး၊ မေးငေါ့၍ဖြေလိုက်တော့ နှာခေါင်းရှုံ့ကာ မျက်လုံးကပုလင်းတွေဆီသို့သာ အကြည့်ပြန်ရောက်သွားလေသည်။

" ကျွန်တော်အထင် ပုလင်းကိုတစ်ဝက်ခွဲ စေတီတွေထည့်ပြီးမှ ကျန်တစ်ဝက်ကိုပြန်ဆက်တာလား မသိဘူး။ အစ်ကို သေချာကြည့်ကြည့်ပါလား ပုလင်းမှာဆက်ရာလေးတွေ ရှိနေသလိုပဲ "

" ဟုတ်လား "

" အစ်ကို! "

စိတ်ဝင်တစားနဲ့တတွတ်တွတ်ပြောနေသော ကောင်လေးကိုအသည်းယားလာတာကြောင့် ပုလင်းကိုကြည့်သလိုလိုနှင့် အနားသို့ကပ်သွားကာ မိမိနှင့်နီးကပ်ရာ ပါးတစ်ဖက်အား အနမ်းချွေလိုက်၍ မသိဟန်ဆောင်နေလိုက်သည်။ ပါးလေးကိုအုပ်ကိုင်၍ ဒေါသသံလေးအနည်းငယ်ပါနေသော ခေါ်သံကို မသိဟန်ဆောင်၍ မျက်ခုံးပင့်ပြကာ ဘာလဲဟူသော အကြည့်ကိုကြည့်ပေးလိုက်တော့ မျက်မှောင်ကြုတ်ကာထွက်သွားလေသည်။ လင်းခန့်အသာပြုံးလိုက်၍ စိတ်ကောက်သွားသောကောင်လေး နောက်ကိုလိုက်သွားကာ ပုခုံးဖက်လိုက်တော့ လက်ကိုပြန်တွန်းချလေသည်။

ထို့ကြောင့် ကောက်တော်မူအမောင် ဟန်စစ်မင်းလေးရဲ့နောက်ကို လက်ကလေးနောက်ပစ်ကာ အေးဆေးလိုက်သွားလိုက်တော့သည်။ အပေါ်ထပ်အခန်းတွင်ကြည့်၍ ဝသောအခါ အောက်ထပ်သို့ဆင်းသွားသည်။

တစ်ရံရောအခါ.....Where stories live. Discover now