"Arrပြောမိပြန်ပြီဒီပါးစပ်က
ကျွန်တော့်ပါးစပ်ကခင်ဗျားရှေ့ရောက်ရင်စည်းကမ်းမရှိတော့ဘူးအကုန်ပြောမိတာဟီး
လာခဲ့ဟိုHallထဲသွားမယ်"
သူ့သူပြောပြီးရှေ့ကထွက်သွားသောBaekhyunရဲ့နောက်ကျောကိုChanyeolလိုက်ကြည့်နေမိသည်။
ငရုပ်သီးတောင့်လေးက...ချောင်နေတာများလား
Chanyeolတစ်ယောက်ထူးဆန်းသည့်စကားများပြောတတ်သည့်ငရုပ်သီးတောင့်လေးကိုတကယ်နားမလည်တော့ပေ
Abencerrageရဲ့မျက်နှာချင်းဆိုင်မှာတော့ညီအစ်မနှစ်ယောက်ခန်းမ(Hall of the two sisters)ရှိသည်။ထိုအခန်းရဲ့အဓိကဆွဲဆောင်မှုကတော့ပျားသလက်နှင့်တူသောမျက်နှာကျက်များပင်ဖြစ်သည်။

❤❤❤❤❤❤❤❤❤❤❤
Baekhyunတစ်ယောက်Nasrid Palaceမှာဆရာကြီးအထာနဲ့နေခဲ့သမျှAlcazabaခံတပ်မြို့ရိုးနားသွားမိမှအရှက်ဗြန်းဗြန်းကွဲတော့သည်။
ချက်📷
"ဟာ...ကော်လံကထောင်နေတယ်
ပြန်ရိုက်ပေး"
"ကြည့်...လက်ကအဲ့လိုဖြစ်နေတယ်...ပြောတာမဟုတ်ဘူး"
"ပြန်ရိုက်"
"အနောက်ဆုတ်...နည်းနည်းကုန်း25°လောက်စောင်း"
Park Chanyeolတစ်ယောက်တံတိုင်းတွေနားမှာဓာတ်ပုံတစ်ပုံလောက်ရိုက်ပေးလို့ပြောလာခဲ့သောကြောင့်Baekhyunလက်ခံမိသည်။သို့သော်ထိုသူသည်ကားဇီဇာကြောင်သူအကြီးစားကြီးဆိုတာမသိခဲ့
အတော့်ကိုnaturalဆန်ဆန်နဲ့Perfectဖြစ်နေသောပုံကိုတောင်ကြည့်မကောင်းဘူးဟူ၍ရစ်နေသည်။
Idolလိုလိုဘာလိုလိုနဲ့သူ့ပုံစံကြောင့်လူတွေငေးသွားတာမှန်သော်လည်းသူ့ပစ္စည်းတွေသယ်ထားသောJongdaeကိုတော့မန်နေဂျာလိုလိုအကူဝန်ထမ်းလိုလိုကြည့်သွားကြသည်။
အဆိုးဆုံးကတော့Baekhyunပင်
လူတိုင်းတက်လိုက်ဆင်းလိုက်လုပ်နေသောလှေကားထစ်ဘေးတွင်ပေါင်ကားထားရုုံမကကုန်းပါကုန်းထားရသေးသည်။ကိုယ်ကိုကလည်းစောင်းထားရသေးသည်။
Part-6
Começar do início
