ခဏပဲကြာလိုက်သည်..။
လှစ်ခနဲ အဆောင်ထဲ ပြေးဝင်သွားတာမှ ဆံပင်လေး
တွေ ကိုလွင့်လို့..။
ချစ်ဖို့ကောင်းတယ်လို့မှတ်ချက်ပြုပြီး ဂိမ်းဆက်ဆော့နေလိုက်တယ်..။
အဲ့ဒီတစ်နေ့ထဲမှာပဲဒုတိယတစ်ကြိမ်တွေ့ဖို့အကြောင်း
ဖန်လာတဲ့အခါ...။
ကျောင်းဆင်းချိန်ရောက်တော့ ကျွန်တော်လာစောင့်နေတဲ့ သူငယ်ချင်း အနောက်နားလေးကနေ..
သူ့သူငယ်ချင်းအုပ်စုလိုက်နဲ့ရယ်ရယ်မောမော ထွက်လာတဲ့
ကောင်လေးကို တွေ့ရတယ်..။
စောစောက..တစ်ခါတွေ့ဖူးပြီးပြီမို့..ကိုယ့်ဘက်က
နည်းနည်းလေးအာရုံစိုက်ပြီးလိုက်ကြည့်လိုက်ပေမယ့်
သူကတော့ သူ့သူငယ်ချင်းတွေနဲ့ စကားပြောဖို့ကလွဲရင်
ကမ္ဘာကြီးပြိုကျနေပါစေ သူ့အလုပ်မဟုတ်ဟု နှလုံးမူထားလားမသိ..။
ရယ်လိုက်မောလိုက်နဲ့ပဲ စကားတစ်ပြောပြောလုပ်နေသည်..။
သူငယ်ချင်းကိုမေးကြည့်တော့ ဂျူနီယာလေးတစ်ယောက်ပါတဲ့..။
မဆိုးဘူး..။
music and art အဆောင်မှာ..ချစ်ဖို့ကောင်းတဲ့
ကောင်လေးတစ်ယောက်ရှိတာပဲလို့ အသိအမှတ်ပြု
ခဲ့တာကလွဲရင်..အဲ့ဒီနေ့တုန်းက သာမန်ကာ
လျှံကာပဲသဘောထားခဲ့သည်..။
ဒါပေမယ့်လူ့စိတ်ဆိုတာမျိုးက အစိုးမရဘူးမလား..။
အခုစိတ်တစ်မျိုးဖြစ်နေပေမယ့် တော်ကြာနေ
တစ်မျိုးဖြစ်တတ်ကြတယ်..။
အဲ့လိုပဲ..။
ကျွန်တော်လဲ လူပီပီ အမျိုးမျိုးအထွေထွေသော..
စိတ်ကို ပိုင်ဆိုင်တဲ့အလျောက်..
music and art အဆောင်ကချစ်စရာကောင်လေး
အကြောင်းကို ပြန်စဉ်းစားကြည့်ရာကနေ...
တစ်မူထူးဆန်းပြီး ချစ်ချင်လာတဲ့ဘက်ကို စိတ်ရောက်
သွားတဲ့အခါ...။
ကျွန်တော့်နေ့ရက်တော်တော်များများကို..
music and art အဆောင်ရှေ့မှာ ကုန်ဆုံးစေတယ်..။
Final ^^
Start from the beginning
