"​မြေးသူ့ကိုလွှတ်​​ပေးလိုက်​ရင်​..အခု​မြေးနဲ့သူနဲ့
ဆက်​ဆံ​ရေးကို..သူဘာမှသိ​တော့မှာမဟုတ်​ဘူး..
ဖြစ်​ပါ့မလား.."

နောက်​ဆုံး​တော့..ကျွန်​​တော်​မ​ရောက်​ချင်​သည့်​​နေ့ရက်
ဟာဆိုက်​ဆိုက်​မြိုက်​မြိုက်​ကို ​ရောက်​လာခဲ့ပြီ​ပေါ့..။

အစကတည်းက ဒါ​တွေသိသိရက်​နဲ့...
ဒါ​တွေမဖြစ်​နိုင်​ပါဘူး​လေဆိုပြီး..မျက်​စိစုံမှိတ်​ပြီး
ကောင်​​လေးကျွန်​​တော့်​ကိုချစ်​လာ​စေရန်​သာ..
ပြုစားခဲ့မိသည့်​ အပြစ်​​တွေပဲလား..မသိ​တော့..။

အခု​တော့ Byun Baek Hyun က
ကျွန်​​တော်​ရှိ​နေတာကို​တောင်​မသိတဲ့ ​နေ့ရက်​​တွေ
ပြန်​​ရောက်​လာ​တော့မှာ​ပေါ့..။

ဘာပဲဖြစ်​ဖြစ်​ လူ​တွေကသူ့ကို အဆိုးအရွားလို့ဝိုင်းသတ်​မှတ်​​နေကြတာထက်​စာရင်​​တော့..
ဒီနည်းလမ်းက..သူ့ဘ၀​လေးသာယာ​ဖြောင့်​ဖြူးမှာပါ..။

ကျွန်​​တော့်​နှလုံးသားဆိုတာက ဘာအ​ရေးလဲ..။

::::::::::::::::::::::::::::::::::::

"​အောင်​မယ်​​လေး..​သေပါပြီ..!
ရပ်​​နေတဲ့ကားကို ၀င်​တိုက်​မိရတယ်​လို့..
ငါဟာ​လေ အရာရာနဲ့အ​ကြောင်း​ကြောင်း
အတန်းချိန်​​နောက်​ကျ​နေပါတယ်​ဆိုမှ..!!!"

ကျွန်​​တော်​​နေထိုင်​လှုပ်​ရှားလာတဲ့သက်​တမ်းတစ်​​လျှောက်
အချစ်​ကို ​ပထမဆုံး​တွေ့ရှိခဲ့တဲ့ အချိန်​လို့​ပြောရမလား..။

သိပ်​ကိုရိုးရှင်းခဲ့ပါတယ်​..။

နေ့လည်​အတန်းချိန်​​တွေ ပြန်​စ​တော့မှာမို့..
ကျောင်းဝင်းထဲမှာ လူ​တွေရှင်း​နေချိန်
music and art အ​ဆောင်​​ရှေ့မှာ..သူငယ်​ချင်းတစ်​​ယောက်​ကို လာ​စောင့်​ရင်း...
အ​ဆောင်​​ရှေ့က သစ်​ပင်​ ​အောက်​မှာ.ထိုင်​ပြီး
ဂိမ်းစိမ်​​ပြေန​ပြေ​ဆော့​နေတုန်း...
နားစည်​ထဲကို တိုးဝင်​လာသည့်​ အသံစူးစူး​လေး..။

ဘာရယ်​မဟုတ်​ ​မော့ကြည့်​လိုက်​​တော့..
သူ့ဘာသူ​နေ​နေတဲ့ကားဘီးကို သွားတိုက်​မိဟန်​ရှိသည့်​ ဒူး​ခေါင်း​လေးကို ပွတ်​ကာ မျက်​နှာရှုံ့မဲ့​နေသည့်​​ကောင်​​လေးတစ်​​ယောက်​..။

You've reached the end of published parts.

⏰ Last updated: Dec 22, 2018 ⏰

Add this story to your Library to get notified about new parts!

DeviltryWhere stories live. Discover now