ထို့​နောက်​မည်​သူကမှစကားစမလာသည့်အတွက်​Chanyeolလည်းကားကိုသာ​အာရုံစိုက်​​မောင်း​နေသည်​။​နောက်​ခန်းထဲကBaekhyunမှာလည်းကားမှန်​အပြင်​ကမြင်​ကွင်းများကိုသာ​ငေး​မော​နေပြီးJongdaeက​တော့အိပ်​​ပျော်​လျက်​ပါလာ​လေသည်​။

ကား​လေးမှာလည်းတ​ရွေ့​ရွေ့နှင့်Alhambraဆီသို့...

❤❤❤❤❤❤❤❤❤❤❤

Calle Real de la Alhambraလမ်း​ပေါ်သို့​ရောက်​သည့်အခါကား​နောက်​ခန်းမှ​​ငေး​မော​တွေး​တောရင်းလိုက်​ပါလာ​သော​ကောင်​​လေးမှာလှုပ်​လှုပ်​ရှားရှားဖြစ်​လာပြီးအိပ်​​မောကျ​နေ​သောသူ့သူငယ်​ချင်းကိုနှိုး​နေသည်​။

သူတို့​ရောက်​လာ​သောAlhambraသည်
နန်း​တော်​နှင့်ခံတပ်​ဆိုရုံသာမကအစ္စလမ်​​တွေရဲ့ဗိသုကာလက်​ရာများ၊၁၆ရာစု​နှောင်းပိုင်းခရစ်​ယာန်​အ​ဆောက်​အအုံများနှင့်ဥယျာဉ်​ကိုပါတစ်​စုတည်း​တွေ့နိုင်​​သော​နေရာဖြစ်​သည်​။ထို့​ကြောင့်
​UNESCO(United Nations Education Science Cultural Organization)ကကမ္ဘာ့အ​မွေအနှစ်​အဖြစ်​သတ်​မှတ်​ထား​သော​နေရာတစ်​ခုလည်းဖြစ်​​ပေသည်​။Alhambraကို883မှာခံတပ်​ငယ်​အဖြစ်​​ဆောက်​လုပ်​ခဲ့ရာမှ1333တွင်​စူလ်​တန်​ဘုရင်​Yusuf | က​တော်​ဝင်​နန်း​တော်​အဖြစ်​​ဆောက်​လုပ်​ခဲ့သည်​။​နှောင်းပိုင်းတွင်​​တော့ပြုပြင်​ထိန်းသိမ်း​ရေးများပြုလုပ်​ခဲ့ကြသည်​။Alhambra ComplexကိုAlcazaba,Nasrid Palace,Generalife Garden
ဆိုပြီးသုံးပိုင်းခွဲ၍​လေ့လာနိုင်​သည်​။

ဒါက....

Chanyeolဆီမှအသံထွက်​လာပြီဖြစ်​​သော​ကြောင့်Baekhyun Jongdaeနဲ့စကား​ပြော​နေရာမှChanyeolနားကပ်​သွားလိုက်​သည်​။

"Mexuarက​ဟောခန်းမလေ...စီးပွား​ရေးနဲ့အုပ်​ချုပ်​​ရေးကိစ္စ​တွေ​ဆွေး​နွေးတဲ့​နေရာမှာသုံးတာ"

Jongdae ya...

ပွတ်​လုံး​တွေကိုကိုင်​ကြည့်​နေ​သောJongdaeကိုပါလာနား​ထောင်​ရန်​​ခေါ်လိုက်​သည်​။

"မင်းဘယ်​လိုမြင်​လဲJongdae"

"အင်း...ရိုးရှင်း​ပေမယ့်လက်​ရာ​မြောက်​တယ်​"

IMMUTABLEWhere stories live. Discover now