"ဂျယ်ဟာ??
Arr...ရည်းစားဦးလား"
"Arnyi...အရင်ဘဝကချစ်သူ"
Borr
Baekhyunစကားကြောင့်Chanyeol ပါးချိုင့်တွေခွက်အောင်ရယ်မောနေသည်။
"ရယ်စရာပါလား"
"ငရုပ်သီးတောင့်လေး...မင်းကအတည်ပေါက်နဲ့နောက်တတ်တယ်နော်"
"ဘယ်သူမှမယုံဘူးဆိုတာသိပြီးသားပါ
ကျွန်တော်ကိုကအမှတ်မရှိဘဲပြောမိတာ"
"ဒီမှာငရုပ်သီးတောင့်လေး...အဲ့လောက်အစွဲလန်းမကြီးရဘူးလေ...မင်းပြောတာအမှန်တွေပဲထား...အခုဆိုအဲ့ဘယ်သူ"
"ဂျယ်ဟာ"
Jongdaeကဝင်ထောက်ပေးလိုက်သည်။
"အင်း...အဲ့ဂျယ်ဟာဆိုတဲ့လူလည်းသူ့ဘဝနဲ့သူပျော်နေလောက်ပြီ"
"ဒါဆိုကျွန်တော်ကကော"
"မင်းလည်းလက်ရှိဘဝမှာဘဲပျော်အောင်နေသင့်ပြီ"
"Arnyiyo...ကံကြမ္မာကကျွန်တော်တို့နှစ်ယောက်အပေါ်ထပ်မရက်စက်လောက်ပါဘူး
ကျွန်တော်ယုံတယ်"
"မင်းကသူ့ကိုမှတ်မိပေမယ့်သူကမှတ်မိနိုင်ပါ့မလား...ဒီဘဝမှာသူချစ်တဲ့သူတွေနဲ့ပျော်နေလောက်ပြီ"
"ဒါဆို...ကျွန်တော်ဂျယ်ဟာနဲ့တွေ့ခွင့်မရှိတော့ဘူးလား"
"အဲ...အင်းပေါ့...တကယ်လို့မင်းတို့ကပေါင်းဖက်ရမယ့်ဖူးစာဖက်တွေမှန်ရင်ပေါ့
ကြမ္မာတစ်ကွေ့မှာတော့ပြန်ဆုံနိုင်မှာပါ"
"ခင်ဗျားပြောသမျှစကားလုံးတွေထဲမှာဒီစကားကအဓိပ္ပါယ်အရှိဆုံးပဲ"
"ကိုယ်ကစကားအများကြီးပြောတတ်တဲ့သူမဟုတ်ဘူး...မင်းကိုတော့ချွင်းချက်..."
"ကျွန်တော်လည်းဒီလိုပါပဲ...ဒီအကြောင်းတွေကိုဘယ်တစိမ်းကိုမှမပြောပြဖူးဘူး...ခင်ဗျားကိုတော့ပြောပြချင်နေတယ်"
(အခုမှတွေ့ဖူးတယ်ဆိုပေမယ့်ရင်းနှီးကျွမ်းဝင်ပြီးသားsoulတွေကိုပိုင်ဆိုင်ကြတဲ့သူတွေဟာထူးဆန်းစွာပဲရင်းရင်းနှီးနှီးပြောဆိုနိုင်ကြတယ်
ဥပမာ...မြင်မြင်ချင်းမှာဘဲငယ်သူငယ်ချင်းအရင်းအချာတွေလိုခင်မင်ရင်းနှီးနေတာမျိုးပေါ့...စက္ကန့်ပိုင်းအတွင်းခင်မင်သွားတဲ့လူနှစ်ယောက်ရဲ့soulတွေကကောရင်းနှီးကျွမ်းဝင်ပြီးသားများလား...)
Part-5
Start from the beginning
