"မင်း appa သာလိုက်မဖုံးပေးရင်..မင်ကိုအခုလောက်ဆို ဘယ်ကျောင်းကမှ လက်ခံတော့မှာ မဟုတ်ဘူး
သိရဲ့လား..."
ဒီတစ်ခါပြောတာလဲ..မှန်နေတာမို့..
ကျွန်တော့်မှာ..ငြိမ်နေရုံကလွဲရင်..ဘာမှ တုံ့ပြန်စရာမရှိ..။
အဲ့တာကိုပင်..ဒေါသအိုး Do Kyung Soo သည်..
ဘာတွေ ဘယ်လောက်တောင် ဒေါသထွက် နေမှန်း
ကို မသိပဲ..
အရှေ့ကစားပွဲ ခုံကို လက်နဲ့ထုကာ..
ကျွန်တော့်ကို ၀ါးစားမတတ် ကြည့်လာသည်..။
"အဲ့ဒီ Chan Yeol ဆိုတဲ့လူနဲ့ အဆက်ဖြတ်ကွာ..!"
"သူမရှိပဲ ငါမနေနိုင်တာကို သိရဲ့နဲ့အပုကောင်ရာ.."
"ငါနောက်နေတာမဟုတ်ဘူး..Baek Hyun..
မင်းသူနဲ့ဝေးဝေးနေရမယ်..
အဲ့တာမှ မင်းနဲ့မတူအောင် လုပ်နေမိတာတွေရော..
ပြီးတော့..အဲ့ဒီလူရဲ့ အရိပ်အောက်ကရော..
မင်းရုန်းထွက်နိုင်မှာ..!!
သူကမင်းကို ပညာနဲ့ပြုစားထားတာကွ..Baek Hyun
မင်း မြင်အောင် ကြည့်စမ်းပါကွာ.."
"အပု..ငါမင်းနဲ့ရန်မဖြစ်ချင်ဘူး..အေးဆေးနေရအောင်.."
Chan Yeollie ကို..စုန်းဘာဘာညာညာပြောကြတိုင်း
နေရာမရွေးအချိန်မရွေး ပြောတဲ့လူကို တစ်ခုခု လုပ်လိုက်မိပေမယ့်..Kyung Soo ကတော့
ကျွန်တော့်အတွက် အရေးပါတဲ့ လူတွေထဲကတစ်ယောက်မို့လို့..
Chan Yeollie ကို ထိပါးပြောနေတာတွေကို..
ဗွေမယူပဲ..ဒေါသထွက်ချင်လာသည်ကို
အသာလျှောချလိုက်ရသည်..။
ဖုန်းမျက်နှာပြင်ပေါ်က ဂိမ်းပြိုင်ပွဲကိုသာ တစ်ဖန်အာရုံစူးစိုက်ထားလိုက်တော့ Kyung Soo လဲ ငြိမ်ကျသွားသည်..။
ဒါပေမယ့် သက်ပြင်းချသံခပ်စိတ်စိတ်ရယ်
တီးတိုးတောက်ခေါက်သံတစ်ချို့ကိုတော့ ကြားနေရသည်..။
ဂိမ်းတစ်ပွဲ ပြီးဆုံးဖို့ စက္ကန့်ပိုင်းအလိုလောက်မှာ Kyung Soo ရဲ့အသံက
ကျွန်တော့်နားထဲ အဆီအငေါ်မတည့်စွာ ထပ်မံဝင်ရောက်လာပြန်တဲ့အခါ..။
Start ^^
Start from the beginning
