သူတို့အတန်းမြန်မြန်လွှတ်ပါစေလို့ဆုတောင်းနေမိတာလဲ
အခါတစ်ရာ မကတော့...။
လွမ်းလိုက်တာ ပြောပြီး..အဖြစ်သည်းတယ်ဆိုကာ..
ကိုယ့်ဟာကိုယ် ရယ်နေမိတာလဲ..မနည်းတော့..။
အဟား..ကျွန်တော် တစ်ကယ်ပဲ..Park Chan Yeol
ရောဂါရင့်နေပြီနဲ့တူတယ်..။
"BaekHyun...!"
အတွေးတောင် မဆုံးသေး..။
ကျွန်တော့်ကို Park Chan Yeol မှိုင်းမိနေကြောင်း
ထောက်ပြဖို့လူတစ်ယောက် ဘေးကိုရောက်လာတယ်..။
စောစောက အတန်းချိန်တက်ဖို့ ဆော်သြပေမယ့်
အတင်းထွက်လာခဲ့တာရော..
မနေ့က သူကျောင်းမတက်တုန်း ကျွန်တော်ရှာလိုက်မိတဲ့
ပြသနာ အတွက်ရော..ပေါင်းပြီး ရန်လုပ်မလို့ ..
သူ့ရဲ့ နဂိုပြူးနေတဲ့မျက်လုံးတွေထဲမှာ..
ဒေါသ အရိပ်အယောင်တွေကို ပေါင်းထည့်ပြီး..ကျွန်တော့်
ဘေးနား ပုတက်ပုတက်နဲ့ ရောက်လာတယ်..။
သူ့ကို..ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း Do Kyung
Soo လို့ပဲ ပြောကြပါစို့..။
မူကြိုစတက်ထဲက အခုတက္ကသိုလ်ရောက်တဲ့အချိန်ထိ..
တစ်ပူးပူးတစ်တွဲတွဲ တစ်မေဂျာတည်း တစ်ခန်းတည်း
သူငယ်ချင်းတွေဆိုရင် ပိုမှန်လိမ့်မည်..။
"မင်းတစ်နေ့ထက်တစ်နေ့ဆိုးသွမ်းလာတာသိရဲ့လား..?
မနေ့ကမင်းရှာတဲ့ ပြသနာကို မင်းappa လာရှင်းပေးရတယ်ဆို.."
ဗေဒင်သွားမေးရင်တောင်လွဲနေဦးမယ်..။
ကျွန်တော့်ဘေးနားသူ့လွယ်အိတ်ကို ဖုန်းခနဲပစ်ချ..
အတန်းထဲက ကြားလာခဲ့ဟန်တူသည့် သတင်းတွေကို
တစ်ခုပြီးတစ်ခု ပြန်ဖော်ထုတ်နေသည်..။
့မှန်နေတော့လဲ အခက်သား...။
လုပ်ထားတဲ့လူမို့..ကျွန်တော်ကတော့ငြိမ်ငြိမ်လေးနေနေမိသည်..။
အဲ့ဒါကိုပင်..ဒင်းက..
ဆိုးတဲ့အကောင် ဆိုတဲ့စကားကို ထပ်တလဲလဲ
ပြောနေကာ.. ဒေါသတွေထွက်ပြီး..
မျက်နှာကြီးရဲတွတ်နေပြီ ။
Start ^^
Start from the beginning
