အဲ့ဒါနဲ့အတူ..ခက်ရင်း ထိုးလျက်သားလေးတွေ့ရတဲ့
လက်ခုံတစ်ခုရယ်..။
ပေါင်းစပ်လိုက်တော့..အသည်းခိုက်မတတ် နာကျင်မှုက
နှလုံးသားထဲ စီးဝင်သွားတာကို သိလိုက်ရသည်..။
"မှတ်ထား..Park Chan Yeolရဲ့ အကြောင်းကို
ထပ်ပြောရင်..နောက်တစ်ခါဒီ့ထက် နာစေရမယ်.."
လက်ညှိုးငေါက်ငေါက်ထိုးပြီး..
သတ်ဖြတ်တော့မယ့်ဒီဇိုင်းနဲ့..
ကြုံးဝါးခဲ့ကာ....
ထိုလူသည်..canteen ထဲက ထွက်ခွာသွားခဲ့ပြီဖြစ်သည်..။
ခက်ရင်းနဲ့အထိုးခံလိုက်ရသည့် လူငယ်နဲ့ ကျန်ခဲ့သူအပေါင်း
ကတော့..ထွက်သွားသည့် ထိုလူကို..မျက်စိတစ်ဆုံးလိုက်ကြည့်ကာ..အံ့သြတကြီးဖြစ်ကျန်ခဲ့ကြလေသည်..။
ဆယ်စက္ကန့်လောက် ကြာမြင့်ပြီးတဲ့နောက်မှာတော့..
canteen တစ်ခုလုံးသည်..Park Chan Yeol ဆိုသည့်ခပ်ချောချော လူတစ်ယောက်နဲ့ စောစောက
လူရဲ့ ပတ်သက်မှုအကြောင်းကို..
မစားရ၀ခမန်း တစ်ခုတ်တရ ပြောကြဆိုကြလေတော့သည်..။
::::::: Deviltry :::::::::
ဒီနေ့ အတန်းထပ်ပြီး မတက်ချင်လို့..
အဆောင်နားက..နားနေဆောင်ထဲမှာ..ဝေလေလေ
လုပ်ကာ..ဖုန်းထိုင်သုံးဖြစ်သည်..။
တစ်ကယ်တော့..အလကား သက်သက်ကြီး ဝေလေလေ
လုပ်နေတာလဲ မဟုတ်..။
နောက်တစ်နာရီမှ အတန်းပြီးမယ့် ရည်းစားကြီးကို
စောင့်ပြီး..အပြင်တူတူသွားဖို့ ချိန်းထားတာဆိုရင်
ပိုမှန်လိမ့်မည်..။
အဲ့တာကြောင့်..ပုံမှန်ဆို စောင့်ရမည့် အလုပ်ကို
အရမ်းမုန်းတဲ့ ကျွန်တော်က..အခု ဖုန်းအေးဆေးသုံးပြီး
အချိန်တွေကို အလဟသဖြုန်းနေမိတယ်ဆိုရင်..။
ရည်းစားကြီးကို..သိပ်ချစ်လို့ပဲ ဖြေမိမှာထင်တယ်...။
မနက်၉ နာရီ ကျောင်းလာတုန်ူးက ကိုယ့်အဆောင်ကိုယ်
လာဖို့ လမ်းခွဲခဲ့ကြတာ အခုနေ့လည်၁ နာရီခွဲ ပြီဆိုတော့ကာ..။
အင်း..မတွေ့ရတာ၅ နာရီ ပြည့်တော့မယ်ဆိုတော့..
လွမ်းနာကျနေပြီလို့ပဲ ပြောရမလား...။
Start ^^
Start from the beginning
