❤❤❤❤❤❤❤❤❤❤❤
Baekhyunတို့Casa de costril (Archaeology museum)ကနေထွက်လာသောအခါညနေစောင်းပင်ရောက်နေပြီ
"Jongdae ya
မင်းအိတ်လဲမယ့်သူနဲ့ဘယ်မှာချိန်းထားတာလဲ"
"Algibillo တံတားပေါ်မှာ
သူကငါ့အိတ်ကိုယူလာပေးမယ်တဲ့"
"အဲ...မင်းကျတော့သူ့အိတ်မယူလာဘူးလား
သူ့အိတ်ကိုတော့အိမ်မှာလိုက်ယူခိုင်းလိုက်မယ်လေ...ငါတို့ကအဲ့အိတ်ကြီးသယ်ပြီးလျှောက်သွားနေရမှာလား"
"အဲ့ဒါလည်းဟုတ်သား"
သူငယ်ချင်းနှစ်ယောက်စကားပြောရင်းလျှောက်လာလိုက်တာPaseo del los Tristes(Walk of the Sad)လမ်းပေါ်သို့ရောက်မှန်းမသိရောက်လာပေပြီ
Paseo del los Tristesသည်Granadaရဲ့နာမည်ကြီးလမ်းတွေထဲကတစ်ခုဖြစ်ပြီးGranadaရဲ့သွေးကြောသဖွယ်ဖြစ်သည့်Darroမြစ်အနီးတွင်တည်ရှိသည်။ပုံမှန်ထက်ကျဉ်းမြောင်းတဲ့လမ်းသွယ်လေးတွေဟာလည်းPaseo del los Tristesလမ်းရဲ့ဆွဲဆောင်မှုတစ်ခုဖြစ်ပြီး
အဓိကကတော့Alhambraရဲ့အလှကိုလှမ်းမျှော်ကြည့်နိုင်ခြင်းပင်...
Darroမြစ်ကိုဖြတ်ပြီးတည်ဆောက်ထားသောရှေးခေတ်အုတ်တံတားကြီးဖြစ်သည့်Aljibilloသို့ရောက်သောအခါ...
Jongdaeကတော့အဝေးကAlhambraကိုလှမ်းငေးနေပေမယ့်Baekhyunကတော့ငြိမ့်ငြိမ့်ညောင်းညောင်းစီးဆင်းနေသောDarroမြစ်ကြီးကိုငုံ့ကြည့်နေမိသည်။
"ဘာဖြစ်နေတာလဲ"
"သြော်ဒီတံတားအဖြစ်ကိုတွေးမိလို့ပါ...
ရေတွေကဒီတံတားကိုဖြတ်သွားပြီးသက်ဆိုင်ရာနေရာကိုစီးသွားကြတာလေ...ဒီတံတားဆီဘယ်တော့မှပြန်လှည့်မလာတော့ဘူးလေ"
"မဟုတ်တာ...မင်းကလည်း
ဖြတ်သွားတဲ့ရေတွေကနေအပူရှိန်ကြောင့်ရေခိုးရေငွေ့ဖြစ်သွားမယ်...အဲ့ကနေရေသံသရာလည်ပြီးမိုးရေဖြစ်လာမယ်...ပြီးရင်တစ်နည်းနည်းနဲ့ဒီDarroမြစ်ထဲရောက်ပြီးဒီတံတားကိုထပ်ဖြတ်ရမှာပါ"
Part-3
Start from the beginning
