BaekhyunအပြောကိုJongdaeကတော့အပိုတွေဆိုကာမဲ့ရွဲ့နေလေရဲ့...
အသက်သခင်ကိုကျေးဇူးတင်စကားမပြောဘဲကိုယ်နဲ့ရောနှုတ်နဲ့ပါစော်ကားနေတဲ့မင်းတို့ကကောတော်တော်ယဉ်ကျေးတယ်ပေါ့!
Bor!
"စဉ်းစားကြည့်စမ်း...ငါသာမင်းကိုလှမ်းမထိန်းရင်မင်းဦးဆက်ကွဲပြီးနတ်ပြည်လားနေရပြီ"
"အဲ့...အဲ့ဒါဆိုလည်းတခြားနေရာကထိန်းပါလား"
"ဒီမှာ...ငါလည်းမှီတဲ့နေရာဆွဲရတာ
ငါမဆွဲရင်လူတစ်ယောက်သေမယ့့်ကိစ္စကိုငါကဘယ်နားကိုပဲဆွဲမယ်ဆိုပြီးရွေးချယ်နေရအုံးမှာလား"
"အဲ့ဒါကတော့"
"ငါမင်းကိုကိုယ်ထိလက်ရောက်စော်ကားမှုအသရေဖျက်မှုတွေနဲ့တရားစွဲမယ်"
Bor!
"အဲ့တော့ရှေ့နေကိုစာရွက်စာတမ်းတွေပြင်ဆင်ခိုင်းပြီးအိမ်ကစောင့်နေ...ငရုပ်သီးတောင့်လေး"
Bor...ငငငငရုပ်သီး!!!
"Arr ကိုယ့်နာမည်Park Chanyeolတဲ့
တရားလိုရဲ့နာမည်တောင်မသိတဲ့တရားခံဖြစ်နေမှာစိုးလို့"
Baekhyunကတော့ပြောချင်ရာပြောပြီးမျက်လုံးတစ်ဖက်မှိတ်ပြသွားသောထိုလူကိုဒေါသထွက်လွန်းလို့တရှူးရှူးဖြစ်လျက်ကျန်ခဲ့လေသည်။
❤❤❤❤❤❤❤❤❤❤❤
Jongdaeတစ်ယောက်သူ့ရှေ့ကနေမျက်မှောင်ကြုတ်ပြီးရေကန်ထဲမှာထိုင်နေသောသူငယ်ချင်းကိုကြည့်နေမိသည်။
"Baekhyuna...စိတ်လျှော့ပါကွာ
မင်းဒေါသကြောင့်နွေးနေတဲ့ရေတောင်တဖြည်းဖြည်းပူလာသလိုပဲ"
"အဲ့လူငါ့ကိုကြောသွားတာငါမကျေနပ်ဘူး
ဒါနဲ့သူတကယ်တရားစွဲရင်ဘယ်လိုလုပ်မလဲ"
"မင်းကလည်းကွာ...ရှေ့နေတစ်ယောက်ငှါးလိုက်ပေါ့
ဘာခက်တာမှတ်လို့"
"ရှေ့နေငှါးတာကမခက်ဘူးကွ...မေမေကြီးသိသွားမှငါပြဿနာတက်မှာ"
Part-2
Start from the beginning
