ဟူး...

သက်ပြင်းအရှည်ကြီးချပြီး​​​မျက်​နှာ​ပေါ်က​ချွေး​စေး​တို့ကိုသုတ်​လိုက်​သည်​။

"ဘတ်​...ဂျယ်​...ဟာ မင်းဘယ်​မှာလဲ"

"ဘာ​ကြောင့်​ငါ့ကိုအဲ့လိုမျိုး..."

Baekhyunအမြဲတမ်းသူ့အိမ်​မက်​ထဲမှာ​ပေါ်​ပေါ်လာ​သောလူတစ်​​ယောက်​​ကြောင့်​"ဘာ​ကြောင့်​"နဲ့စ​သောမေးခွန်း​များကိုအေ​ဖြထုတ်​နေမိသည်​။

ဒီတစ်​လအတွင်းမှာဘဲအိမ်​မက်​မက်​တာ​ခြောက်​ခါရှိပြီ
အိမ်​မက်​မက်​တာအရင်​ထက်​စိပ်​လာသည်​။

စိတ်​စွဲ၍မက်​သည့်​အိမ်​မက်​မျိုးလည်းမဟုတ်​...မက်​သည့်​အခါတိုင်းကိုယ်​ကိုယ်တိုင်​​ပါဝင်​​နေရသလိုခံစားရပြီးတစ်​ပုံစံတည်းမက်​သည်​။

ဒီအတိုင်း​နေလို့​တော့မဖြစ်​​တော့​ချေ...​ဒေါက်​တာချွဲနဲ့ပြန်​​ဆွေး​နွေးမှရ​တော့မည်​။

Ph vibrating

Yah Byun Baekhyun!!!

တစ်​ဖက်​မှထွက်​​ပေါ်လာ​သောစူးရှလှ​သောအသံ​ကြောင့်​ဖုန်းကိုနားနှင့်​အနည်းငယ်​ခွာလိုက်​သည်​။

ဖုန်းမှာ​ပေါ်​နေ​သောContant name​ကြောင့်​အိပ်​ခန်းတံခါးထက်​ရှိတိုင်​ကပ်​နာရီကိုလှမ်းကြည့်​မိ​တော့

"ဟင်​...၁၀နာရီ​တောင်​ထိုးသွားပြီလား"

Byun Baekhyun!!!

ဖုန်းကိုနားနဲ့အနည်းငယ်​ပြန်​ကပ်​လိုက်​ပြီး

"Jong...Jongdae ya"

"​အေ...ငါပဲ
၁၅မိနစ်​အတွင်းငါ့ကိုလာမ​ခေါ်ရင်​ငါ​ပြန်​ပြီသာမှတ်​လိုက်​​တော့"

တီ

Baekhyunတစ်​​ယောက်​အိပ်​ယာ​တောင်​မသိမ်းနိုင်​ဘဲ​ရေချိုးခန်းထဲသို့​ပြေးဝင်​သွားသည်​။နေ့စဉ်​ဆောင်​ရွက်​ရသည်​များကို၁၀မိနစ်​နှင့်​အပြီးလုပ်​၍ကား​သော့ဆွဲကာ​အိပ်​ခန်းအပြင်​သို့​ပြေးထွက်​သွားသည်​။

"ဟယ်​...Baekhyunneအခုမှနိုးတာလား
Jongdaeကိုသွားမ​ခေါ်ရ​သေးဘူးလား"

IMMUTABLEWhere stories live. Discover now