"ငါဖြစ်​​နေသလိုမျိုး​ပေါ့"

"Lee Hyunရဲ့Soulကတစ်​ခုခု​သောအ​ကြောင်း​ကြောင့်မခွာနိုင်​ဖြစ်​​နေတာ​နေမယ်​...အဲ့တာ​ကြောင့်ခုဘဝရဲ့ပစ္စပ္ပုန်​နဲ့အနာဂတ်​မှာလည်းတစ်​နည်းနည်းနဲ့ပါဝင်​​နေတာ"

"မင်း​ပြောတဲ့တစ်​ခုခု​သောအ​ကြောင်းဆိုတာ​ဘတ်​ဂျယ်​ဟာလား"

TBC

ဖြည်းဖြည်းချင်းသွားတာ​ပေါ့​နော့်

WE ARE ONE ❤❤❤
LOVE YOU ALL EXO,EXOL&READERS🙆🙆🙆
BELIEVE IN CHANBAEK&LOVE THEM FOREVER💪💪💪

Zawgyi❤

2019ခုနစ်​နိုဝင်​ဘာလ
Spainနိုင်​ငံAndalusia​ဒေသGranadaမြို့
Carrera del DarroရှိApartment​တစ်​ခု...

မနက်​ခင်း​နေ​ရောင်​ခြည်​သည်​ပြတင်း​ပေါက်​ကိုဖြတ်​၍အိပ်​ခန်းအတွင်းသို့ဝင်​​ရောက်​​နေသည်​။
ပြတင်း​ပေါက်​ကိုဖြတ်​၍တိုက်​ခတ်​လာ​သော​လေများ​ကြောင့်​အဖြူ​ရောင်​ခန်းဆီးစ​လေးကတလွင့်​လွင့်​ဖြစ်​​နေသည်​။
အပြာ​ရောင်နံရံကပ်စက္ကူကပ်ထားေ​​​သာနံရံ​ပေါ်ရှိငုတ်​တိုင်းလိုလိုတွင်​Sizeမျိုးစုံပုံစံမျိုးစုံနှင့်​Dream Catcherများချိတ်​ထားသည်​။အိပ်​ခန်း၏အလယ်​ရှိမီးခိုး​ရောင်​အိပ်​ရာ​ပေါ်တွင်​အသက်​၂၀​​ကျော်​ကောင်​​လေးတစ်​​ယောက်​အိပ်​စက်​​နေသည်​။သို့​သော်​...တစ်​ချက်​တစ်​ချက်​တွန့်​သွား​သောမျက်​ခုံးများနှင့်​နှာဖူးနှင့်​နားထင်​​ပေါ်ရှိ​ချွေးများ​ကြောင့်​အိမ်​မက်​ဆိုးတစ်​ခုခုမက်​​နေသည့်​ပုံ...

ဟင်​...ဟင်

Jelba...

ဂျယ်​ဟာ...မ​သေပါနဲ့

ဂျယ်​ဟာ....

ဂျယ်​ဟာ!!!

Baekhyunတစ်​​ယောက်​တုန်​​လှုပ်​​နေ​သောရင်​ဘက်​ကိုဖိရင်းလန့်​နိုးလာခဲ့သည်​။
မောပန်းလွန်း​သော​ကြောင့်​အသက်​ရှူသံခပ်​ပြင်းပြင်းထွက်​​နေသည်​။
အိပ်​ရာ​ဘေးရှိစားပွဲခုံ​ပေါ်ရှိ​ရေခွက်ကိုယူပြီး​​တစ်ခွက်လုံး​​​သောက်​လိုက်​​သော်​လည်းရင်​တုန်​​နေ​သည်မှာပျောက်​မသွား​ပေ။

IMMUTABLEWhere stories live. Discover now