"Sorryပါကွာ...လာ...ချစ်သူငယ်ချင်းလေးဟီး"
နည်းနည်းလေးမျက်နှာချိုသွေးလိုက်မှမပြုံးချင်ပြုံးချင်ဖြင့်ပြုံးပြလာသည်။
Baekhyunလည်းလက်တစ်ဖက်ကJongdaeပခုံးကိုဖက်နောက်လက်တစ်ဖက်ကခုံမှာချထားသောJongdaeရဲ့အိတ်ကိုဆွဲကာကားဆီသို့လျှောက်လာခဲ့သည်။
❤❤❤❤❤❤❤❤❤❤❤
"Baekhyun...မင်းငါ့ကိုAirportမှာတစ်နာရီကြီးများတောင်စောင့်ခိုင်းရက်တယ်နော်"
Miyanhae Jongdae ya
ဘေးမှာထိုင်ပြီးလုပ်ရက်လေခြင်းဆိုသောအကြည့့်မျိုးနဲ့ကြည့်နေသောသူငယ်ချင်းကိုတောင်းပန်သောအကြည့်နဲ့ပြန်ကြည့်လိုက်သည်။
"ထားပါတော့...ငါ့အမှားပါလေ
ငါကသာလျှာရှည်ပြီးမင်းကိုBarcelonaရောက်နေကြောင်းသံတော်ဦးတင်မိတာ"
"မင်းကသုံးနှစ်လောက်ကွဲနေတဲ့သူငယ်ချင်းနဲ့မတွေ့ချင်ဘူးပေါ့...ငါ့မှာတော့လွမ်းလိုက်ရတာ"
"Shit အပိုတွေ"
အပိုတွေမဟုတ်ဘူးဆိုတာBaekhyunသာသိသည်။သူတကယ်Jongdaeကိုသတိရနေခဲ့တာ...ပြီးတော့...ရင်ဖွင့်စရာတွေလည်းအများကြီးရှိသည်။ထို့ကြောင့့်Baecelonaကိုစာတမ်းဖတ်ဖို့လာတဲ့ဗိသုကာပညာရှင်ပေါက်စကိုAlhambraနဲ့ဆွဲဆောင်ရင်းGranadaသို့လာစေခဲ့ခြင်းဖြစ်သည်။
❤❤❤❤❤❤❤❤❤❤❤
"Harmonyi...နေကောင်းရဲ့လား"
"ကောင်းပါတယ်ကွယ်...ဒီနေ့သားလာမယ်ဆိုလို့အဘွားကသားကြိုက်တာတွေချက်ထားတာ"
"အို...သားလည်းအဘွားလက်ရာကိုလွမ်းနေတာ"
"အေးပါကွယ်...Baekhyunneအခန်းမှာသွားနားအုံး"
Nae
"Miyanhae Jongdae ya အခန်းကနှစ်ခန်းပဲရှိလို့မင်းအတွက်အခန်းသက်သက်မပြင်ပေးနိုင်တာ"
"မလိုပါဘူးကွာ...မင်းနဲ့ငါကပြောရမယ့်သူတွေလား"
Jongdae Baekhyunရဲ့အခန်းကိုလှည့်ပတ်ကြည့်မိသည်။
Part-1
Start from the beginning
