I Show U My Place ..

Start from the beginning
                                    

နား​အေးပါးအေးအရက်​​သောက်​ချင်​သူများအတွက်
အ​တော်​​လေး မိုက်​သည်​ ။

ဂျုံအင်​တို့လိုလူငယ်​များအတွက်​​တော့ ပျင်းဖို့​ကောင်းလွန်း
သည့်​​နေရာမျိုးဖြစ်​တာ​တော့အမှန်​ပင်​ ။

" လူကြီးမင်းအတွက်​ ဘယ်​လိုဝန်​​ဆောင်​မှုမျိုး
အလိုရှိပါသလဲ "

ဆယ်​ ဟွန်း စကားအတိုင်း ဘား​ကောင်​တာတွင်
အချိုရည်​​သောက်​ပြီးထိုင်​​စောင့်​​နေသည့်​ ဂျုံ အင့်​ အနား
ရောက်​လာ​သော ​ယောကျာ်းပျို .. မဟုတ်​​သေး မိန်းမပျို ..

မိုးပြာ​ရောင်​ ဂါဝန်​ရှည်​နှင့်​ သိမ်​​မွေ့သ​ယောင်
ခန့်​ညားသ​ယောင်​ သူမက ဂျုံ အင့်​ ​ဘေးနားရှိ ထိုင်​ခုံတွင်
ဝင်​ထိုင်​ပြီး ပြုံးပြလာသည်​ ။

ရွှေအို​ရောင်​ ဆံနွယ်​အ​ခွေများက ညှပ်​ရိုးထင်းထင်း
ပခုံး​ပေါ်မှ ဝဲကျကာ ​​ကျောပြင်​တစ်​ဝိုက်​တွင်​လည်း
လှပစွာ တည်​ရှိ​နေ​သေး၏ ။

လက်​​ကောက်​ဝတ်​ထိဖုံး​သော အင်္ကျီလက်​အဆုံးတွင်
ဖြူ ​ဖွေးပြီး လက်​​တစ်​​ချောင်းချင်းစီ ရှည်​လျား​သည့်
လက်​နှစ်​ဖက်​က ဂျုံ အင်​ အမြဲ​ငေးကြည့်​​နေကြ
ဆယ်​ ဟွန်း လက်​များနှင့်​ ဆင်​​သည်​ဟု 
တွေးမိ​လိုက်​သည်​ ။

" လူကြီး မင်း "

မ​ပျော့​ပျောင်းဘဲ ရှတတ​လေသံ အသွားအလာကကို
ချွဲပစ်​ပစ်​မိန်းမသံ​တွေထက်​ ပိုနား​ထောင်​​ကောင်း၏ ။

နီရဲ​နေသည့်​ နှုတ်​ခမ်းပါး ..
ဖြောင့်​စင်း​နေသည့်​ နှာတံ ..
မေးရိုးချွန်​ချွန်​နှင့်​ မိန်းက​လေးမဆန်​​သော မိန်းမပျို ..

ထပ်​ဆင့်​​လောင်းရလျှင်​ မထီမဲ့မြင်​အပြုံး​သေး​သေး​လေးနှင့်
ကြည်​​တောက်​​နေသည့်​ ပြာလဲ့လဲ့မျက်​လုံးအိမ်​များက
ဆွဲ​ဆောင်​မှုရှိပြီး ခန့်​ညားသည့်​အသွင်​လည်း
အသ​ရေ​ဆောင်​သည်​ ။

ဘယ်​လိုပုံမျိုးနဲ့ဘဲဖြစ်​ဖြစ်​ မင်းက ကြည့်​​ကောင်းလွန်း​နေ
တယ်​ အို ဆယ်​ ဟွန်း ..

ကို​ ​လေး .. [ Complete ] Where stories live. Discover now