" ငယ်.... ရှက်နေတာလား..."
ပုခုံးလေးကိုဆုပ်ကို်င်ကာ မေးလိုက်တော့...နှုတ်ခမ်းလေးကိုက်ကာ လှည့်ကာကြည့်လာသော အသည်းငယ်...
" ဟုတ် ဒါပေမယ့် ငယ်သဘောကျတယ်."
တိုးတိုးလေးပြောလာသော ပုံရိပ်ငယ်လေးသည် တကယ့်ရင်ခုန်ဖွယ်....
" အားးး....အသည်းယားလိုက်တာ ငယ်ရာ..."
နောက်ကျောမှ ခါးသေးသေးလေးကို သိမ်းကျုံးဖက်လိုက်ကာ ပြောလိုက်တော့ သူ့အားဖက်ထားသော လက်အစုံကိုပြန်လည်ဖက်တွယ်လာသော ကလေးငယ်...
.
" ငယ် အရမ်းပျော်နေတယ် ကို....ငယ်တို့ ဒီတိုင်းလေးပဲ တစ်သက်လုံးနေသွားချင်တာ...."
သူလေးအားဖက်တွယ်ထားသော လက်အစုံအား ငုံ့ကာနမ်းရှိုက်လိုက်ရင်း...ပြုံးကာ ပြောလာသောကလေးငယ်....
သူလေးအရမ်းပျော်နေရှာသည်မဟုတ်ပါဘူး....ဒီအတိုင်း...ဒီအတိုင်းလေးပဲ အမြဲဖြစ်နေရအောင် ကိုယ်ကြိုးစားပါမယ် ကလေးငယ်.....
°°°•••°°°°•••°°°°°•••••°°°°°°•••••°°°°°°••°°•°°°°•••°°°°
" ဟတ်ချိုး...."
ရေချိုးတာအရမ်းကြာသွားသည်မို့ နှာများပင်ထချေနေသော ကလေးငယ်သည် ဆံပင်ရေစိုလေးတွေနှင့်မို့ စုတ်ဖွားလေးနှင့် တကယ်ချစ်ဖို့ကောင်းလှသည်....
" လာ ကိုယ် သုတ်ပေးမယ်..."
သဘတ်ကိုယူကာ ခေါ်လိုက်လေတော့ လုံးတုံးတုံးနှင့်ပြေးလာကာ ကုတင်ခြေရင်း၌ထိုင်ချလိုက်သော ကလေးငယ်...
သူလေး၏ ဆံနွယ်လေးတွေကို တယုတယ သုတ်ပေးရင်းနှင့် ချယ်ရီနံ့သင်းသင်းပြေပြေလေးကိုခံစားရသည်...
နဂိုတည်းက ချယ်ရီနံ့ကိုယ်သင်းနံ့ရှိသော ချယ်ရီသခင်လေး....
ချယ်ရီနံ့ရှိလေသော ရေချိုးဆပ်ပြာ...ခေါင်းလျှော်ရည်တို့နှင့် ရေချိုးလိုက်လေတော့ အနီးပတ်ဝန်းကျင်တစ်ခုလုံး ချယ်ရီရနံ့တို့နှင့်ဖုံးလွှမ်းသင်းပျံ့နေလေသည်....
မနေနိုင်သည့်အဆုံး လည်တိုင်နုနုအား နှာခေါင်းနှစ်ကာနမ်းရှိုက်လိုက်လေတော့ မျက်လုံးလေးမှေးစင်းကာ အနမ်းတို့ကို ခံယူနေပုံမှာ တကယ့်မြတ်နိုးဖွယ်....
ထို့နောက် နှုတ်ခမ်းသားတို့ပါ ထပ်တူကျကာ အနမ်းတို့အား ရှည်ကြာစွာ ပုံဖော်မိကြလေသည်...
အရာရာဟာ အချစ်တွေဖော်ကျူးရင်းနူးညံ့နေလေသည်...
အချစ်ရှိအရပ်သည် တကယ့်နိဗ္ဗာန်ဘုံ...♥
**°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Sweet လားဟင် 😁
Drama ပဲချိုးနေရတာ အားနာလာလို့ နည်းနည်းအချိုလာကျွေးလာတာ 😁
အိမ့်အိမ့်လေးက ချစ်ဖို့ကောင်းပါတယ်နော.် ....
Feedback ရှည်ရှည်လေး ရရင် မနက်ဖြန်နောက်တစ်ပိုင်းဒိတ်မှာ😚
#EaintThiriAung
#real_etra 💫💫💫
ESTÁS LEYENDO
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...
^^TOC ~15^^
Comenzar desde el principio
![" Tears of Cherry " [ Chanbaek ]](https://img.wattpad.com/cover/152988826-64-k553071.jpg)