" ချစ်တယ်ငယ်....."

ကောင်ငယ်လေး၏ မျက်ဝန်းကိုတည့်တည့်စိုက်ကြည့်ကာ ပြောလာသော သခင်ကြီး လေးလေးနက်စကားကြောင့် ကောင်ငယ်လေးသည်လည်း သခင်ကြီး၏ ရင်ခွင်ထဲပိုတိုးဝင်ကာ ခါးကိုတင်းကျပ်စွာ ဖက်ထားလေသည်....

" အင်း...ငယ်လည်း ချစ်တယ်..."

°°°°°°°°••••••••°°°°°°°°°•••••••••°°°°°°°°•••••••°°°°°°°°

ဆာကူရာစံအိမ်တော်၏  ရေချိုးခန်း....♥

လူ နှစ်ယောက်လောက် အသာလေး ဝင်ထိုင်လို့ရသော သစ်သားစည်ကြီးအတွင်း နွားနို့နှင့်အတူရောထားသော နှင်းဆီနှင့်ဆာကူရာတို့က သင်းပျပျ...

နန်းစဉ်မျိုးဆက် ပညာရှင်တစ်ဦးဆီမှ ဝယ်ယူထားသော ရေမွှေးရနံ့နှင့် ဖယောင်းတိုင်တို့ထွန်းထားသည်မှာလည်း အစီအရီ...

ဤသည်ကား....သခင်ကြီးယောလ်၏ သခင်လေးဗြောင်အတွက် အထူးပြင်ဆင်ပေးထားသော အပြင်အဆင်တို့ပင်.....

" ကို...ဒါတွေက...."

" ဒါတွေက ကိုယ့်ရဲ့ ငယ်လေးအတွက် ငယ်လေးအိပ်နေတုန်း ပြင်ဆင်ပေးထားတွေလေ... ဒီကြားထဲ ကိုယ့်ကလေးလေး အမျိုးမျိုးစိတ်ပင်ပန်းထားတာတွေရှိနေတော့ စိတ်လန်းသွားအောင်ချိုးလိုက်..."

ပြောပြောဆိုဆိုနှင့် ဗြောင်သခင်လေး၏ ညဝတ်အကျီင်္ိကြယ်သီးလေးအား သခင်ကြီးက ဖြုတ်ပေးလေတော့ သခင်လေး၏ ပါးဖောင်းဖောင်းလေးသည် စတော်ဘယ်ရီလေးကဲ့သို့ နီရဲလို့နေလေ၏....

" ကိုယ်ချိုးပေးမယ် ကလေး...."

သခင်ကြီးယောလ်ခွင့်တောင်းလေတော့ ကောင်လေးက ခေါင်းကိုအသာငြိမ့်ပြကာ ဘောင်းဘီတိုလေးနှင့် ရှက်သွေးဖြာကာ သစ်သားစည်ကြီးထဲဝင်ထိုင်လေသည်....

သခင်ကြီးယောလ်သည်လည်း ဝင်ထိုင်လိုက်ပြီး... ဘေးနားရှိ စင်ပေါ်၌တင်ထားသော သဘာဝရေးချိုးဆပ်ပြာများထဲမှ ချယ်ရီဖြင့်ပြုလုပ်ထားသော ဆပ်ပြာရည် ကြွေပုလင်းလေးအားယူလိုက်ကာ ကလေးငယ်၏ ခန္ဓာကိုယ်ငယ်လေးအား ကျောပြင်မှစကာ ပွတ်သပ်ပေးလိုက်လေးတော့ တွန့်ကနဲ ဖြစ်သွားလေသော ခန္ဓာငယ်....

" Tears of Cherry " [ Chanbaek ]Donde viven las historias. Descúbrelo ahora