I Know Your Secret ..

Start from the beginning
                                    

အရင်​ကဆို မုန်းသည့်​စိတ်​မျိုးမရှိရင်​​တောင်​ အချင်းချင်း
မျက်​နှာချင်းဆိုင်​မိလျှင်​ တစ်​ဦးမဟုတ်​တစ်​ဦးက
ရှောင်​ထွက်​သွားရုံသာ ။ အခု​တော့လား ဆယ်​ ဟွန်း ၏
ကို​ယ်​​ရေးကိုယ်​တာ ကိစ္စမျိုးကို မရမကလိုက်​​ဖော်​ပြီး
ခြိမ်း​ခြောက်​​နေသည့်​အတွက်​​ကြောင့်​ မုန်းတီးစိတ်
အပြည့်​ ။

" ထွက်​သွားစမ်းပါ ဂင်​ ဂျုံ အင်​ .. မင်းနဲ့ရန်​ဖြစ်​ချင်​စိတ်
မရှိဘူး "

" ​ဟေး ငါကအခုရန်​စ​နေတာမဟုတ်​ဘူး​နော်​ ။
မင်းရဲ့ လျို့ဝှက်​ချက်​ကိုထိန်းသိမ်းခ​တောင်း​နေတာ "

နောက်​ဆုံး​တော့ ယင်းသ​ကောင့်​သား၏ အကြံအစည်
ထွက်​လာပြီ​ပေါ့ ။

ဆယ်​ ဟွန်း ၏ လူသိခံ၍မဖြစ်​​သော အတွင်း​ရေးကို
ခုတုံးလုပ်​ ဆယ်​ ဟွန်း ကို နိုင်​စားချင်​​နေ​သော
အကြံညစ်​ညစ်​က အ​ပေးအယူ ​ခေါင်းစဉ်​တပ်​ပြီး
မသိလျှင်​ သူ​တော်​​ကောင်းစိတ်​နှင့်​ ဖုံး​ပေးခြင်းဖြစ်​သတဲ့ ။

" ငါ စိတ်​မဝင်​စားဘူး မင်း လုပ်​ချင်​ရာလုပ်​ "

" ​အို ဆယ်​ ဟွန်း .. ​သေချာ စဉ်းစား​နော်​ ။
အထက်​တန်းပြီးလို့ တက္ကသိုလ်​​ရောက်​သွားတာနဲ့
မင်းအတိတ်​က​ပျောက်​သွားမှာမဟုတ်​ဘူး​ ။
မင်းအနာဂတ်​ .. အိုး ဟိုး ​တွေးကြည့်​ရင်​ အမြတ်​ထုတ်​ချင်
စရာ​တွေချည်းဘဲ "

" ဂင်​ ဂျုံ အင်​ !!! မင်း "

ဘယ်​လိုမှ သည်းမခံနိုင်​​တော့သည့်​ ဆယ်​ ဟွန်း မှာ
ဒေါသ​ကြောင့်​ နီရဲ​နေ​သော မျက်​နှာနှင့်​ ဂျုံ အင်​ ၏
အင်္ကျီ​ကော်​လံစကိုဆွဲကာ ဆွဲထိုးရန်​ လက်​ရွယ်​လိုက်​မိ
သည်​ ။

" မာမီ က ငါတို့နှစ်​​ယောက်​ရန်​ဖြစ်​တာမကြို​က်​မှန်း
မင်းသိပါတယ်​ "

ဆယ်​ ဟွန်း ​ရော ဂျုံ အင်​ ​ရော သားလိမ္မာမဟုတ်​ကြ​ပေမဲ့
ဆယ်​ ဟွန်းလို​မွေးစားသားတစ်​​ယောက်​က သားအရင်း
ဖြစ်​သူကို ထိခိုက်​ဒဏ်​ရာရ​အောင်​လုပ်​လျှင်​​တော့
အနည်းငယ်​ အ​နေခက်​စရာ​တွေရှိလာပါလိမ့်​မည်​ ။

ကို​ ​လေး .. [ Complete ] Where stories live. Discover now